DVB Logo
Home
မြန်မာသတင်း
တပ်ချုပ်အသစ်က ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို သူနှင့်အဆင့်တူရာထူးတိုးပေး
DVB
·
June 27, 2026
Photo : Head oF State
Photo : Head oF State
Donate to DVB

အာဏာရှင်စစ်တပ်မှာ တပ်ချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို သူနဲ့ အဆင့်တူ ရာထူးတိုးပေးလိုက်ပြီး ဗိုလ်ချုပ်စိုးလှိုင်နဲ့ ဗိုလ်ချုပ်ပြည့်စုံလင်းကိုလည်း ရာထူးတိုးပေးခဲ့တယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လက်ရှိ စစ်အာဏာရှင်အစိုးရသစ်လက်ထက်မှာ နေရာမရဘဲ အရန်အင်အားရောက်သွားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ဗိုလ်ချုပ်ကြီး၊ ရဲချုပ် ဗိုလ်ချုပ်စိုးလှိုင်နဲ့ ဗိုလ်ချုပ် ပြည့်စုံလင်း တို့ကို ဒုဗိုလ်ချုပ်ကြီး ရာထူး တိုးပေးခဲ့တာလို့ နေပြည်တော်သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“ရာပြည့်က ဗိုလ်ချုပ်ကြီးအဆင့် တိုးသွားပြီ။ အပွင့်တော့မတင်သေးဘူး။ ဗိုလ်ချုပ်စိုးလှိုင်နဲ့ ဗိုလ်ချုပ်ပြည့်စုံလင်းက ဒုဗိုလ်ချုပ်ကြီးအပွင့်တင်ပြီ။ ဘယ်သူတွေ ရာထူးထပ်တိုးပေးအုံးမလဲ မသိဘူး” လို့ ပြောပါတယ်။

ဒုစစ်ခေါင်းဆောင်ဟောင်းနဲ့ တပတ်စဉ်တည်းကျောင်းဆင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး ရာပြည့်ဟာ ဆယ်နှစ် တခုတိုင်အောင် ဒုဗိုလ်ချုပ်ကြီးအဆင့်နဲ့ နေခဲ့ရပြီး လက်ရှိ စစ်အာဏာရှင်ရဲ့ အစိုးရသစ် လက်ထက်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။

မတ် ၂ ရက်က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးကနေ ရဲချုပ်ဖြစ်လာတဲ့ တေဇ ၂၄ ကျောင်းဆင်း ဗိုလ်ချုပ်စိုးလှိုင်ကတော့ အစမ်းခန့်ကာလ ၃ လမပြည့်ခင်မှာ ဒုဗိုလ်ချုပ်ကြီးရာထူးတိုးခဲ့တာ ဖြစ်ပါတယ်။

အလားတူ မတ် ၂ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကနေ လေကျင့်ရေး အရာရှိချုပ် ဖြစ်လာတဲ့ DSA ၄၀ ကျောင်းဆင်း ဗိုလ်ချုပ်ပြည့်စုံလင်းကိုလည်း တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဒုဗိုလ်ချုပ်ကြီးအဆင့် တိုးပေးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013