DVB Logo
Home
အားကစား
လာမိန်းယာမဲလ်၏ စံချိန်တင်ခြေစွမ်းနှင့်အတူ ဘာစီလိုနာ လိဂ်နိုင်ပွဲဆက် 
DVB
·
April 12, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဘာစီလိုနာအသင်းဟာ ကတ်တလန်ဒါဘီပွဲစဉ်မှာ အက်စပန်ညိုကို အနိုင်ရရှိပြီး လာလီဂါ အမှတ်ပေးဇယားထိပ်မှာ ရီးရဲလ်မက်ဒရစ်ကို ၉ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ လူငယ်ကြယ်ပွင့် လာမိန်းယာမဲလ်ဟာ အသက် ၁၈ နှစ်နဲ့ ၂၇၂ ရက်မှာပဲ အသင်းအတွက် ပွဲပေါင်း ၁၀၀ ပြည့်မြောက်တဲ့ အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ်နဲ့ ဂိုး ၁ ဂိုးပါ သွင်းယူပြီး ခြေစွမ်းပြခဲ့တာပါ။

ဘာစီလိုနာအတွက် ဂိုးတွေကို ဖာရန်တောရက်စ်က ၂ ဂိုးသွင်းယူပေးခဲ့ပြီး လူစားဝင်လာတဲ့ အင်္ဂလန်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကလည်း ပွဲပြီးခါနီးမှာ ဗော်လီကန်ချက်နဲ့ နောက်ဆုံးပိတ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အက်စပန်ညိုဘက်က ချေပဂိုးတဂိုး ပြန်သွင်းနိုင်ခဲ့ပေမဲ့ ဘာစီလိုနာရဲ့ တိုက်စစ်ကို မယှဉ်နိုင်ခဲ့တာပါ။

ဟန်စီဖလစ်ရဲ့အသင်းဟာ လာမဲ့အင်္ဂါနေ့မှာတော့ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားရမဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ ၂ ဂိုးအရှုံးကို ပြန်လည်အမီလိုက်ဖို့ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013