DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်အလှတရားနှင့် တိုင်းရင်းသားရိုးရာ ဖော်ထုတ်ပြသပွဲ ပြုလုပ်
DVB
·
March 28, 2015
သံလွင်မြစ်အလှတရားနှင့် တိုင်းရင်းသားရိုးရာ ဖော်ထုတ်ပြသပွဲ ပြုလုပ်
1 / 5
Donate to DVB

သံလွင်မြစ်ရဲ့အလှနဲ့ သံလွင်မြစ်တလျှောက်နေထိုင်တဲ့တိုင်းရင်းသားရိုးရာတွေကို ဖော်ထုတ်ပြသတဲ့ပွဲတခုကို ကရင်ပြည်နယ် ဘားအံမြို့ ကံသာဦးခန်းမမှာ မတ် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့မှာ လွတ်လပ်စွာ စီးဆင်းနေတဲ့ မြစ်တွေထဲက တစင်းဖြစ်တဲ့ သံလွင်မြစ်ရဲ့ အလှတရားနဲ့ မြစ်ကြောင်းတလျှောက်နေကြတဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုတွေကို အနုပညာတွေ၊ ဖျော်ဖြေပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ ဂုဏ်ပြုတဲ့ အခမ်းအနားဖြစ်ပါတယ်။

ဒီပွဲကျင်းပရတာနဲ့ပတ်သက်ပြီး ဦးဆောင်ကျင်းပသူ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ဝင် စောသာဘိုးက “အဓိကက သံလွင်မြစ်အလှအပနဲ့ စကားဝိုင်းဆိုတဲ့ ပွဲလေးကို လုပ်တာပါ။ ကျနော်တို့ အဓိကရည်ရွယ်တာကတော့ သံလွင်မှာရှိတဲ့ အလှအပတွေ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေကို ပန်းချီနဲ့ဖော်ကျူးတယ်။ ကဗျာတွေနဲ့ဖော်ကျူးတယ်။ ဓာတ်ပုံတွေနဲ့ ကျနော်တို့ ပြတယ်။ ပြီးတော့ တဆက်တည်းမှာ စကားဝိုင်းကျတော့ ငလျင်ပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ကျွမ်ကျင်ပညာရှင်တွေ၊ စွမ်းအင်နဲ့ပတ်သက်တဲ့ ပညာရှင်တွေ သူရဲ့ ရှုထောင့် ကနေ သံလွင်မြစ်နဲ့ပတ်သက်ဆက်နွှယ်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ပြောပြတယ်။”

ဒီနေ့အခမ်းအနားမှာ ဒေသခံတွေ၊ အန်ဂျီအိုအဖွဲ့က တာဝန်ရှိသူတွေအပါအ၀င် သံလွှင်မြစ်ကြောင်းတလျှောက်မှာ နေထိုင်တဲ့ ရှမ်းပြည်နယ်က ရှမ်းတိုင်းရင်းသားတွေ၊ ကယားပြည်နယ်က ကရင်နီတိုင်းရင်းသားတွေနဲ့ မွန်တိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာတဲ့ လုထုတွေ သံလွင်မြစ်အကြောင်း ပိုမိုနားလည်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနား ပြုလုပ်တာလို့ ပြောပါတယ်။

“ဒီပွဲကတော့ ကျနော်တို့ တက်ရောက်လာတဲ့လူတွေကနေပြီးတော့ အခုပညာကိုလည်း ခံစားမယ်။ တဆက်တည်းမှာပဲ ဒီပညာရှင်တွေရဲ့စကားတွေကိုကြားပြီးတော့မှ ဗဟုသုတ ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။”  လို့ စောသာဘိုးက ပြောပါတယ်။

ဒါ့အပြင် မနက်ဖြန်မှာလည်း သံလွင်မြစ်ရဲ့ သဘာဝအလှတရားနဲ့ ကြွယ်ဝမှုတွေကို ကြည့်ရှုခံစားနိုင်မယ့် ခရီးတိုတခုကို ဒီနေ့ သွားမှာဖြစ်ပြီး မည်သူမဆို ပါဝင်ပူးပေါင်းနိုင်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - HsaMoo



[gallery ids="87479,87480,87481,87482,87483"]




 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013