DVB Logo
Home
မြန်မာသတင်း
သံလွင်ရေကာတာစီမံကိန်းအားလုံး ပြည်သူကို ပွင့်လင်းမြင်သာချပြရန် တောင်းဆို
DVB
·
April 29, 2019
သံလွင်ရေကာတာစီမံကိန်းအားလုံး ပြည်သူကို ပွင့်လင်းမြင်သာချပြရန် တောင်းဆို
Donate to DVB

သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းတွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းချပြဖို့နဲ့ မြစ်တွေအပေါ်မှာ ဆည်ကြီးတွေ တည်ဆောက်တာကို လုံးဝဖျက်သိမ်းဖို့ ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့ (KRW) နဲ့ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (SSN) တို့က ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

သံလွင်ရေကာတာ စီမံကိန်းတွေနဲ့ပတ်သက်ပြီး လတ်လောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲနဲ့ မှတ်တမ်းဗွီဒီယိုမိတ်ဆက် အစီအစဉ် ပြုလုပ်ပြီး တောင်းဆိုလိုက်တာပါ။

ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့ညှိနှိုင်းရေးမှူး စောသာဘိုးက “တစ်က လက်ရှိ ရှိနေတဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းချပြဖို့လိုတယ်။ ထိုးထားတဲ့ လက်မှတ်တွေ၊ သဘောထားတွေ အီးအာအေ လုပ်ထားတဲ့ ဟာတွေကို ချပြဖို့ တောင်းဆိုတယ်။ နံပါတ်နှစ်က မြစ်တွေပေါ်မှာ ဆည်ကြီးတွေ ဆောက်တာကို လုံးဝဖျက်သိမ်းဖို့ ကျနော်တို့ တောင်းဆိုတယ်။ ဒီမြစ်တွေကို လွတ်လွတ်လပ်လပ်ပဲ စီးဆင်းဖို့ ကျနော်တို့ ဖြစ်စေချင်တယ်။ တောင်းဆိုတယ်။ ဒီအချိန်မှာ လူအများစုက ဖွံ့ဖြိုးရေးလို့ ပြောတဲ့အခါမှာ နိုင်ငံတကာက ဖွံ့ဖြိုးရေးစံချိန်စံညွှန်း ဆိုတာထက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးအခြေခံ၊ လူထုတွေ စိုးရိမ်ပူပန်စရာမရှိတဲ့ ဖွံ့ဖြိုးရေးကို သွားဖို့တွေက ကျနော်တို့ ဒီကနေ့ တောင်းဆိုတယ်” လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းတုံရေကာတာ တည်ဆောက်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေ၊ တရုတ်ပိုးလမ်းမ စီမံကိန်း လျှပ်စစ်လိုအပ်မှုနဲ့ သံလွင်ရေကာတာ စီမံကိန်းတွေ၊ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံရေကာတာ တည်ဆောက်ဖို့ စီစဉ်နေမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတို့ရဲ့ ထိခိုက်နစ်နာရတဲ့ အကြောင်းတွေကို ဒီကနေ့မှာ ချပြ ရှင်းလင်းသွားပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ စီမံကိန်းအနီး လမ်းဖောက်တာကြောင့် ဒေသခံ ကရင်ပြည်သူလူထုတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းနဲ့ တပ်မတော်တို့ရဲ့ စစ်ရေးအခြေအနေတွေ၊ မြိုင်ကြီးငူ စစ်ဘေးရှောင် ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေမှု အခြေအနေတွေကို ချပြရှင်းလင်းခဲ့ပါတယ်။

လွတ်လပ်စွာစီးဆင်းနေတဲ့ သံလွင်မြစ်ပေါ်မှာ အကြီးစားရေကာတာ စီမံကိန်း ၅ ခုတည်ဆောက်ဖို့ လုပ်ဆောင်နေတဲ့အပေါ် ဒေသခံလူထုက ကန့်ကွက်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013