DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ပေါ် ရေကာတာများတည်ဆောက်ခွင့် ရုပ်သိမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို
DVB
·
August 18, 2016
သံလွင်မြစ်ပေါ် ရေကာတာများတည်ဆောက်ခွင့် ရုပ်သိမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို
Donate to DVB

သံလွင်မြစ်ပေါ်ရေကာတာများ တည်ဆောက်ခွင့် ရုပ်သိမ်းပေးဖို့ ရှမ်းလူမှုအဖွဲ့အစည်း ၂၆ ဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သြဂုတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

သံလွင်မြစ်ပေါ်မှာ ရေတာတာတည်ဆောက်ခြင်းဟာ ဒေသခံလူတွေအတွက်အတွက် အကျိုး မခံစားရဘဲ ဆိုးကျိုးတွေသာခံစားရမှာဖြစ်သလို သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်နစ်နာမှာ ဖြစ်လို့ ရုပ်သိမ်းဖို့ တောင်းဆိုတာဖြစ်တယ်လို့ နမ့်ခုံးလူမှုပရဟိတအဖွဲ့က နန်းနွမ်းမိုက ပြောပါတယ်။

“အဓိကကတော့ ရေကာတာတည်ဆောက်လို့ ဖြစ်လာမယ့် ဆိုးကျိုးတွေကို ကျမတို့ ဒေသခံ တိုင်းရင်းသားပြည်သူတွေ ခံနေရမှာလေ။ အကျိုးခံစားခွင့်ကတော့ ကျမတို့က ရမှာမဟုတ်ဘူး။ ပြီးတော့ ကျမတို့ သဘာဝ ပတ်ဝန်းကျင်တွေပျက်စီးမယ်။ လယ်ယာမြေတွေအကုန်လုံး ရေနစ်တဲ့ ဧရိယာတွေဖြစ်သွားမယ်။ ဆိုးကျိုးရဲ့ ၁၀၀ ရာခိုင်နှုန်းက ကျမတို့ ပြည်သူက ခံစားရမှာပေါ့နော်။ ”

သံလွင် ရေကာတာစီမံကိန်းတွေကို ရပ်ဆိုင်းဖို့ ဆက်တိုက်တောင်းဆိုမှုတွေရှိပေမယ့် ရေကာတာ စီမံကိန်းတည်ဆောက်ရေးအတွက် အစိုးရနဲ့ ကုမ္ပဏီတွေက ဆက်လက် လုပ်ဆောင်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေရဲ့ စာမှာတော့ “သံလွင်မြစ်ဟာ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းရှိ တိုင်းရင်းသားတို့ရဲ့ လူဦးရေသန်းပေါင်းများစွာအတွက် အလွန်ရေးပါတဲ့မြစ်ကြောင်း၊ ရစီးဆင်းနှုန်းအားကောင်းတဲ့မြစ်ရေကို ပိတ်ဆို့ပါက ပြန်ပြင်မရ သည့်ထိခိုက်မှုဆိုးကျိုးတွေဟာ ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံပါဝင်တယ်။ ဒါကြောင့် မြစ်ကြောင်း တလျှောက် နေထိုင်ကြတဲ့ မွန်၊ ကရင်၊ ကရင်နီ၊ ရှမ်းပြည်နယ်ရှိ လူထုများနှင့် မြန်မာပြည် တခြားအပိုင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ လူထုများဟာ သံလွင်မြစ်ပေါ်ရေ ကာတာများ တည်ဆောက်မှုနှင့်ပတ်သက်ပြီး အခိုင်အမာဆန့်ကျင်ကွက်ကြသည်’ လို့ ပါရှိတယ်။

ဒါ့အပြင် ဒီရေကာတာစီမံကိန်းရှိတဲ့ဒေသဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ပဋိပက္ခဖြစ်တဲ့ ဒေသတွေဖြစ်ပြီး စီမံကိန်တေါကို ဆက်လက်အကောင်အထည်ဖော်ပါက အစိုးရစစ်တပ်ရဲ့ အင်အား တိုးချဲ့မှုကြာင့် ပဋိပက္ခတွေ ပိုမိုဖြစ်ပေါ်စေပြီး ပြည်သူတွေကိုလည်း နှိပ်စက်ညှဉ်းပန်းမှု တွေ ဆက်လက်ဖြစ်ပွားစေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားတွေအားလုံးတန်းတူအခွင့်အရေးရဖို့ ပြောဆိုသည်နည်းတူ လုပ်ဆောင်ပေးဖို့လည်း မျှော်လင့်ကြောင်းလည်း နန်းနွမ်မိုက ပြောပါတယ်။

“သူပြောဆိုထားတဲ့ တိုင်းရင်းသားတွေအားလုံး၊ ပြည်သူလူထုတွေအားလုံး တန်းတူညီတူ အခွင့်အရေးတွေရစေရမယ်ဆိုတဲ့ သူ့စကားအတိုင်းဆိုရင်တော့ အမှန်တကယ် သူလုပ်ပေးမယ် ဆိုရင်တော့ ကျမတို့ အမျှော်လင့်ပါတယ်။ သူ့လက်ထဲမှာပဲလေ။ သူက နိုင်ငံခေါင်းဆောင်၊ နိုင်ငံကို ဦးစီးဦးဆောင်နေတဲ့ပါတီလည်းဟုတ်ဆိုတော့ သူ့အပေါ်မှာပဲ မူတည်တာပေါ့။ ပြည်သူတွေကို သနားတယ်၊ ငဲ့ညာတယ် အခြားနည်းလမ်းနဲ့သူစဉ်းစားပေး မယ်ဆိုရင်တော့ သူလုပ်ပေးမယ်လို့ ထင်တယ်ရှင်။ ”

သံလွင်မြစ်ပေါ်မှာ ရေကာတာ ၆ ခု တည်ဆောက်မယ်လို့ အစိုးရက ကြေညာထားပြီး အဲဒီ ရေကာတာတွေကတော့ ရှမ်းပြည်နယ်အတွင်းမှာ ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာနဲ့ တာဆန်း (ဝါ) မိုင်းတုန်ရေကာတာ၊ ကယားပြည်နယ်မှာဆိုရင် ရွာသစ်ရေကာတာနဲ့ ကရင်ပြည်နယ်မှာ ဟတ်ကြီးရေကာတာတို့ ဖြစ်ပါတယ်။

သံလွင်ရေကာတာစီမံကိန်းက ရရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေကိုတော့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ရောင်းချမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013