DVB Logo
Home
မြန်မာသတင်း
ဘားအံ၌ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် ရောက်နိုင်၊ မြစ်ကမ်းနားနေသူများကို သတိပေး
DVB
·
August 19, 2016
ဘားအံ၌ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် ရောက်နိုင်၊ မြစ်ကမ်းနားနေသူများကို သတိပေး
Donate to DVB

သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ဒီကနေ့မွန်းလဲ ၁ နာရီခွဲတိုင်းထွာချက်အရ ၇၃၀ စင်တီမီတာ ရှိနေပြီး လာမယ့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်လို့ ကြိုတင်ပြင်ဆင်ဖို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် မိုးဇလဌာနရဲ့ ဦးစီးအရာရှိ ဒေါ်စိုးစိုးလွင်က “အစ်မတို့ အခု သတင်းထုတ်ထားပါတယ်။ နောက် ၂ ရက်ကို စိုးရိမ်ရေမှတ်ကို  ရောက်နိုင်တယ်ပေါ့နော်။ ကမ်းနားတွေမှာနေတဲ့ လူတွေအတွက်ကို သတိထားနေဖို့ အဲဒါလေး အစ်မတို့က အကြံပြုထားတယ်ပေါ့။”

ဘားအံမြို့မှာ သံလွင်မြစ်ရဲ့ စိုးရိမ်ရေမှတ်ဟာ ၇၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိမှာ ၇၃၀ ရောက်နေတာဖြစ်ပါတယ်။ ဘားအံမြို့မှာပြီးခဲ့တဲ့နှစ်ကတော့ ရေကြီးမှုနဲ့ အကြီးအကျယ်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

မြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း နန်းစေးဝါကတော့ ဒီမနက် မြစ်ရေတက်ပေမယ့် လူနေအိမ်တွေ ရေနစ်မြုပ်တဲ့ အနေအထားမရှိသေးဘူးလို့ ပြောပါတယ်။

“သံလွင်မြစ်ရေက ဒီမနက်တော့ နည်းနည်းတက်လာတယ်။ ဒါပေမယ့် ခါတိုင်းနှစ်ထက်စာရင် တော်တော်လေးကို အဆင်ပြေပါတယ်။ ရေဘေးတွေ မရှိသေးဘူးလေ။ အခု ရေ၀င်စပဲရှိသေးတယ်။ ပြောင်းရရွှေ့ရတဲ့အဆင့်တော့ မရှိသေးဘူး။”

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာတော့  ရေဘေးဒုက္ခခံစားနေရတဲ့ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၆၀ စုမှ လူဦးရေ ၂၇၈ ဦး ရှိနေပြီး စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013