ဘာစီလိုနာ လူငယ်ကြယ်ပွင့် လာမိန်းယာမဲလ်ရဲ့ ပျော်ရွှင်မှုအခြေအနေကို စပိန်မီဒီယာတွေကြားမှာ အငြင်းပွားစရာ ဖြစ်နေပါတယ်။
အယ်လ်ချီကို ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘာစီလိုနာပွဲစဉ်မှာ ယာမဲလ်ရဲ့ ကိုယ်ဟန်အနေအထားကို မီဒီယာတွေက အာရုံစိုက်ခဲ့တာပါ။
သူ့ရဲ့ ရင်းနှီးတဲ့ အသင်းဖော်တချို့ရဲ့ အနာဂတ် မရေမရာဖြစ်နေတာကြောင့် ဘာစီလိုနာအသင်းအပေါ် ယာမဲလ် စိတ်ထိခိုက်နေတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။
ပွဲစဉ်အတွင်း ယာမဲလ်ကို လူစားလဲခဲ့ပြီးနောက် သူ့ရဲ့ စိတ်နေစိတ်ထားကို စပိန်မီဒီယာတွေက မေးခွန်းထုတ်ခဲ့တာပါ။
ဒါပေမဲ့ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်ကတော့ ယာမဲလ်ရဲ့ သဘောထားက ပုံမှန်ပါပဲလို့ အခိုင်အမာ ပြောကြားထားပါတယ်။











