
ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို စည်းမျဉ်းမညီဘဲ ချဉ်းကပ်ခဲ့မှုအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်က ယူရို ၆၀၂ ဒဏ်ငွေ ရိုက်လိုက်ပါတယ်။
အက်သလက်တီကိုမက်ဒရစ်အသင်းက ဘာစီလိုနာဟာ အယ်လ်ဗာရက်ဇ်ကို စာရေးသား အကြောင်းကြားခြင်းမရှိဘဲ ဆက်သွယ်ခဲ့တယ်လို့ တိုင်ကြားခဲ့တာပါ။
အယ်လ်ဗာရက်ဇ်ဟာ ဒီရာသီမှာ အက်သလက်တီကိုပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပေမဲ့ ဒီပို့ရိုလာကိုရူးနားနဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် တောင်းပန်စကားဆိုခဲ့ပါတယ်။
သူဟာ ဘာစီလိုနာမှာ ကစားချင်တယ်လို့ နွေရာသီက ပြောခဲ့မိတာဟာ အမှားတခုဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ပရိသတ်တွေရဲ့ စိတ်ဆိုးမှုကို နားလည်ကြောင်း ပြောကြားသွားတာပါ။











