
ပြင်သစ်လီဂူး-ဝမ်းနဲ့ လက်ရှိ ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ PSG အသင်းဟာ မိုနာကိုအသင်းကို ဦးဆောင်ဂိုး သွင်းယူထားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးလိုက်ရလို့ ရာသီ အစ ၃ ပွဲဆက် အနိုင်ရလဒ် ပျောက်ဆုံးခဲ့ပါတယ်။
ပွဲချိန် ၃၁ မိနစ်မှာ အသင်းခေါင်းဆောင် မာကွင်ညို့စ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ PSG တို့ အိမ်ကွင်းမှာ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်း ၅၈ မိနစ်မှာ ဖလာဗီယို နာဇင်ဟိုနဲ့ ၇၂ မိနစ်မှာ စတားနစ် အီဒွန်ဘိုတို့က မိုနာကိုအတွက် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာပါ။
ဒါဟာ ၂၀၂၁ ခုနှစ် မတ်လက နန့်တေးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း PSG အနေနဲ့ ပထမပိုင်းမှာ ဦးဆောင်ပြီးမှ ပြန်လည်အရေးနိမ့်ခဲ့ရတဲ့ ပထမဆုံးပွဲ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် မိုနာကိုက ရာခိုင်နှုန်းပြည့် အနိုင်ရလဒ်နဲ့ ဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်ခဲ့ပြီး PSG အသင်းကတော့ အဆင့် ၁၂ အထိ ထိုးဆင်းသွားခဲ့ပါတယ်။
Photo:Reuters











