DVB Logo
Home
မြန်မာသတင်း
နှစ်ဖက် အပစ်ရပ်ရန်နှင့် တပ်နေရာချထားရေး သဘောတူခဲ့ဟု TNLA ပြော
DVB
·
March 21, 2026
TNLA တပ်ဖွဲ့ဝင်အချို့ (Photo : Reuters)
TNLA တပ်ဖွဲ့ဝင်အချို့ (Photo : Reuters)
Donate to DVB

ရှမ်းမြောက်မှာ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ကြား ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခ အခြေနေကို မတ် ၁၇ ရက်ကနေ ၂၀ ရက်အထိ လေးရက်တိုင် နှစ်ဖက်ဆွေးနွေးခဲ့ပြီး အပစ်ရပ်ဖို့ အပါအဝင် တပ်နေရာချထားရေးကို သဘောတူနိုင်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

နှစ်ဖက် အပစ်ခတ်ရပ်စဲဖို့၊ တပ်နေရာချထားရေးနဲ့ လှုပ်ရှားနယ်မြေ သတ်မှတ်တာအပြင် နှစ်ဖက်က ဖမ်းဆီးထားတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ သဘောတူနိုင်ခဲ့ပြီး နယ်မြေ သတ်မှတ်ရေးကိုတော့ TNLA က အသေးစိတ် မပြောပါဘူး။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “တွေ့ဆုံဆွေးနွေးမှု နှစ်ဖက် အပစ်ရပ်နိုင်ဖို့ သဘောတူတာ ရှိတယ်။ နောက်နောင် ဒီလိုမျိုး မဖြစ်ပွားဖို့ တဘက်နဲ့ တဘက် ထိန်းသိမ်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်။ နောက်တခုက နှစ်ဖက်တပ်မှာ ဖမ်းဆီးခံထားရတဲ့ တပ်သားတွေ ပြန်လွှတ်ပေးဖို့ လှုပ်ရှားနယ်မြေတွေ တပ်မှတ်တာမျိုးတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

ကွတ်ခိုင်မြို့ကိုတော့ MNDAA က ဆက်ပြီး ထိန်းချုပ် အုပ်ချုပ်မှာဖြစ်ပြီး မဟာမိတ်အဖြစ်နဲ့ပါ ဆက်ရှိနေမယ်လို့ လွေးယေဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ တပ်စခန်းတွေကို MNDAA တပ်က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်လိုက်ပြီးနောက် ရွှေလီ-မန္တလေး ပြည်ထောင်စုလမ်းကိုလည်း ပြန်ဖွင့်လိုက်ပါတယ်။

ရှမ်းမြောက်မှာ နှစ်ကြိမ်တိုင် ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကွတ်ခိုင််မြို့ကို TNLA နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး မြို့ကို နှစ်ဖက်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ ထည့်သွင်း အုပ်ချုပ်နေတာပါ။

ဒါပေမဲ့ ဖေဖော်ဝါရီ ၁၃ ရက်က ကွတ်ခိုင်မြို့ပေါ်မှာ CCTV လိုက်တပ်ဆင်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို TNLA တပ်တွေက တားဆီးပိတ်ပင်ရာကနေ နှစ်ဖက်တပ်ကြား ထိုးကြိတ်ရိုက်နက်တာ၊ လက်နက်တွေ ဖြုတ်သိမ်းတွေ ဖြစ်ခဲ့ပြီးနောက် စစ်ရေးပဋိပက္ခ အခြေနေအထိ တင်းမာခဲ့ပြီး လက်ရှိမှာ ကွတ်ခိုင်မြို့ကို MNDAA ကပဲ ဆက်ပြီး အုပ်ချုပ်မှာ ဖြစ်ပါတယ်။

TNLA တပ်ဖွဲ့ဝင်အချို့ (Photo : Reuters)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013