DVB Logo
Home
Lead Story
ပိန်းပြစ်ကျေးရွာက မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၂၀ ဝန်းကျင်ကို TNLA တပ်က ဖမ်းဆီး
DVB
·
May 22, 2022
ပိန်းပြစ်ကျေးရွာက မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၂၀ ဝန်းကျင်ကို TNLA တပ်က ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပိန်းပြစ်ကျေးရွာက မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ အယောက် ၂၀ ဝန်းကျင်ကို TNLA တပ်က မေ ၂၁ ရက် ည ၉ နာရီဝန်းကျင်မှာ ရွာထဲဝင် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ပိန်းပြစ်အထက်ရွာကရော၊ အောက်ရွာက ဆေးသမားတွေကို ဖမ်းသွားတယ်။ ယူနီဖောင်းနဲ့ အင်အား ၁၀၀ လောက်ရှိတယ်။ ရွာထဲကို ဖြန့်ပြီးဝင်လာတာ။ ရွာမှာတညအိပ်သွားသေးတယ်။ TNLA တွေ ဝင်လာမယ်လို့ သတင်းရထားလို့ ပိန်းပြစ်လီဆူရွာဘက်က စစ်သားတွေ သေနတ် ဖောက်သေးတယ်” လို့ ရွာသားတဦးက ပြောပါတယ်။

ပိန်းပြစ်ရွာမှာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူတွေ များနေပြီး ကျောက်တွင်း လုပ်ကွက်တွေမှာ ရောင်းချသုံးစွဲနေတာ​ကြောင့် အခုလို လာ​ရောက်ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

TNLA တပ်တွေက ပိန်းပြစ်ရွာက အိမ်တွေကနေ နယ်မြေဖွံ့ဖြိုးရေးအတွက်ဆိုကာ တအိမ်ကို ငါးသောင်းကျပ်ကောက်ခံပြီး စျေးဆိုင်ဖွင့်တဲ့ အိမ်၊ ကားရှိတဲ့ အိမ်တွေကိုတအိမ် ၁ သိန်း ကျပ် ကောက်ခံဖြတ်ပိုင်းပေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပိန်းပြစ်လီဆူရွာ ရဲကင်းစခန်း အနောက်ဘက်က AG ဘုရားရှိခိုးကျောင်းမှာ စစ်ကောင်စီ တပ်သား တွေ စခန်းချနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013