DVB Logo
Home
ဘောလုံး
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက နည်းပြ တူချယ်ကို ကာကွယ်ပြောဆို 
DVB
·
July 13, 2026
Photo: Reuters/Nathan Ray Seebeck
Photo: Reuters/Nathan Ray Seebeck
Donate to DVB

အင်္ဂလန်အသင်းက နော်ဝေကို အချိန်ပိုမှာ (၂-၁) ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ သောမတ်စ်တူချယ်က အသင်းရဲ့ ခြေစွမ်းကို မကျေနပ်ကြောင်း ဝေဖန် ပြောကြားခဲ့ပါတယ်။ 

အသင်းဟာ ကံကောင်းခဲ့တာ၊ ပေါ့ဆခဲ့တာ၊ နည်းစနစ်ပိုင်းအမှားတွေ များခဲ့တာလို့ နည်းပြတူချယ်က ဝေဖန်ခဲ့တာပါ။

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကတော့ နည်းပြတူချယ်ရဲ့ ဝေဖန်မှုတွေကို ကာကွယ်ပြောဆိုခဲ့ပြီး အသင်းအနေနဲ့ နောက်ထပ်အဆင့်တခုကို ရောက်နိုင်သေးတယ်လို့ ကိန်းက ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူး ကိန်းက နည်းပြ တူချယ်ရဲ့ စိတ်ပျက်မှုဟာ လေ့ကျင့်ရေးမှာ လုပ်ပြနိုင်တာတွေကို ပွဲထဲမှာ မလုပ်နိုင်လို့ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

အသင်းဟာ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ ကိန်းက ဝန်ခံပါတယ်။ ဒါပေမဲ့ ကစားသမား ဂျုဒ် ဘယ်လင်ဂမ်ကတော့ နည်းပြ တူချယ်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး သဘောထား ကွဲပြားခဲ့ပါတယ်။

နော်ဝေလို အာလင်း ဟာလန်းတို့ ပါတဲ့ အသင်းမျိုးနဲ့ ကစားရတာ ခက်ခဲကြောင်း ဘယ်လင်ဂမ်က ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013