မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အသင်းရဲ့ အဓိကဂိုးသမား ဆန်နီလမ်းမန်းစ်ရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ချရမှု မရှိသေးဘူးလို့ ပြောကြားလိုက်ပါတယ်။
ထိပ်တန်းဂိုးသမားတယောက် မရှိဘဲ မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မှာ မဟုတ်ဘူးလို့လည်း စခိုးလ်က ပြင်းပြင်းထန်ထန် ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံဂိုးသမား လမ်းမန်းစ်ဟာ ပြီးခဲ့တဲ့နွေရာသီက ရော်ယယ်အန့်ဝပ်အသင်းကနေ ပေါင် ၂၁ ဒသမ ၇ သန်းနဲ့ ရောက်ရှိလာသူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ဆောင်းဦးရာသီမှာ ဘာယင်ဒီယာရဲ့ နေရာကို အစားထိုးပြီး မန်ယူအသင်းရဲ့ အဓိက ပထမဂိုးသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။











