
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲမှာ ဘယ်လ်ဂျီယံအသင်းဟာ စပိန်ကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ဒီပွဲမှာ ဘယ်လ်ဂျီယံရဲ့ အဓိကဂိုးသမား ကော်တိုရစ်စ်ဟာ ဘယ်ဘက်ပေါင်ခြံဒဏ်ရာကြောင့် ၆၇ မိနစ်မှာ မျက်ရည်တွေနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။
ကော်တိုရစ်စ် ထွက်ခွာချိန်မှာ ရလဒ်က တဖက်တဂိုးစီနဲ့ သရေကျနေတာပါ။ သူ့နေရာမှာ မန်ချက်စတာယူနိုက်တက် ဂိုးသမား လမ်းမန်းစ်က အစားဝင် ကစားခဲ့တာ ဖြစ်ပါတယ်။
လမ်းမန်းစ် ဟာ ၈၇ မိနစ်မှာ စပိန်တိုက်စစ်မှူး လာမင်းယာမယ်ရဲ့ ကန်သွင်းမှုကို ဖမ်းယူရာမှာ လက်လွတ်သွားခဲ့ပြီး ပြန်ထွက်လာတဲ့ဘောလုံးကို မီခယ် မာရီနို က အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီအမှားကြောင့် ဘယ်လ်ဂျီယံတို့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာ နည်းပြ ရူဒီ ဂါစီယာကတော့ ကစားသမားတွေဟာ အခုလို အရေးကြီးပွဲတွေမှာ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
Photo:Reuters










