
ဒီနေ့မနက်ကစားသွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ရာဖင်ညာနဲ့ လီဝန်ဒေါစကီး တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နယူးကာဆယ်ကို (၇-၂) ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ရလဒ် (၈-၃) ဂိုးနဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ပထမပိုင်းမှာ နယူးကာဆယ်အတွက် အီလန်ဂါက ချေပဂိုး ၂ ဂိုးသွင်းပြီး အကြိတ်အနယ် ကစားနိုင်ခဲ့ ပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ယာမလ်က ပင်နယ်တီကနေ ဘာစီလိုနာအတွက် ဦးဆောင်ဂိုး သွင်းယူ ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နယူးကာဆယ်ရဲ့ခံစစ်ပိုင်း လုံးဝပြိုလဲသွားခဲ့ပြီး ဖာမင်လိုပက်ဇ်၊ ရာဖင်ညာနဲ့ လီဝန်ဒေါစကီးတို့က ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့တာပါ။
အက်ဒီဟောင်းရဲ့ နယူးကာဆယ်အသင်းဟာ ခံစစ်အမှားများစွာနဲ့အတူ ဥရောပခရီးစဉ်ကို အဆုံးသတ်ခဲ့ရပါတယ်။
ဘာစီလိုနာကတော့ ကွာတားဖိုင်နယ်မှာ စပါးကိုအနိုင်ရခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
Photo: Reuters










