
လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ ကမ္ဘာ့ဖလားရ စပိန်အသင်းခေါင်းဆောင် ရိုဒရီကို ခေါ်ယူဖို့ ယုံကြည်မှုအပြည့် ရှိနေပါတယ်။
မန်စီးတီးက ရိုဒရီအတွက် ပေါင် ၆၈ သန်း တောင်းဆိုထားတာကို ဘာစီလိုနာက ဈေးနှုန်းညှိနှိုင်းဖို့ ကြိုးစားနေတာဖြစ်ပြီး နှစ်ဖက်အဆင်ပြေမဲ့ သဘောတူညီမှုတခု ရရှိဖို့ ဘာစီလိုနာဘက်က မျှော်လင့်နေပါတယ်။
ဘာစီလိုနာဟာ ရိုဒရီအတွက် ပြန်လည်ပြင်ဆင်ထားတဲ့ ကမ်းလှမ်းမှုအသစ်တခုကို ပြင်ဆင်နေတာပါ။
သူတို့အနေနဲ့ မန်စီးတီးနဲ့ အပေးအယူလုပ်ပြီး အကောင်းဆုံး အခြေအနေတခု ရရှိဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ရိုဒရီဟာ ဘာစီလိုနာရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ပေးနိုင်မဲ့ အရေးပါတဲ့ ကစားသမားတယောက် ဖြစ်တာကြောင့် အသင်းက အခုလို ခေါ်ယူဖို့ အားထုတ်နေတာလို့လည်း သုံးသပ်ကြပါတယ်။










