DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် PDF ထောက်ပို့ဟု စွပ်စွဲပြီး အရပ်သား ၅ ဦး ဖမ်းဆီးခံရ
DVB
·
May 16, 2026
လယ်ဝေးရဲစခန်း ဆိုင်းဘုတ်(Photo : Zar Lin)
လယ်ဝေးရဲစခန်း ဆိုင်းဘုတ်(Photo : Zar Lin)
Donate to DVB

နေပြည်တော် လယ်ဝေးမြို့နယ်မှာ PDF ထောက်ပို့လို့ စွပ်စွဲပြီး အရပ်သား ၅ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တယ်လို့ အဖမ်းခံရတဲ့သူတွေနဲ့နီးစပ်သူဆီက သိရပါတယ်။

မေ ၁၄ ရက်ညနေပိုင်းက လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာကျးရွာက အရပ်သား ၅ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ရဲတွေက PDF သတင်းပေးထောက်ပို့လို့ စွပ်စွဲဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဖမ်းခံရသူတွေနဲ့နီးစပ်သူက “အဖမ်းခံရသူတွေက အရပ်သားတွေပါ။ လယ်သမားတွေ။ စစ်တပ် က PDF သတင်းပေး ထောက်ပို့လို့ဆိုပြီးဖမ်းခဲ့တာ။ ရွာထဲမှာကိုလာဖမ်းသွားတာ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အရပ်သား ၅ ယောက်ဟာ အသက် ၃၀ နှစ်အရွယ် ကိုကျော်ကျော်၊ မြင့်ဝင်းနဲ့ နောက်ထပ် လူငယ်ပိုင်း အမျိုးသား ၃ ယောက်ဖြစ်ပြီး အဖမ်းခံရတဲ့သူတွေနဲ့ မိသားစုတွေဟာ မေ ၁၆ ရက် နေ့လယ်ပိုင်းအထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က နေပြည်တော်၊ လယ်ဝေးမြို့နယ် သစ်ကြိမ်းကျေးရွာအုပ်က စစ်အာဏာရှင် တပ်ရဲ့ ကာကင်းစခန်းတိုက်ခိုက်ခံရပြီးနောက် အရပ်သားဒေသခံတွေကို စစ်အာဏာရှင်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေက အထူးစောင့်ကြည့် စစ်ဆေးဖမ်းဆီးနေတယ်လို့ တပ်နဲ့နီးစပ်သူတွေက ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013