
အာဆင်နယ်အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားနေပါတယ်။
အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ အယ်လ်ဗာရက်ဇ်က အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာချင် နေတာဖြစ်ပြီး အာဆင်နယ်က သူ့ကို လက်လျှော့ဖို့ ငြင်းဆန်နေတာလည်း ဖြစ်ပါတယ်။
ဒီပြောင်းရွှေ့မှုက နွေရာသီဈေးကွက်မှာ အာဆင်နယ်အတွက် အဓိကပစ်မှတ်တခု ဖြစ်လာပါတယ်။
တခြားပြောင်းရွှေ့ကြေးသတင်းတွေအရ မန်စီးတီးက အဲဗာတန်ရဲ့ တိုက်စစ်ကွင်းလယ်ကစားသမား အီလီမန် အန်ဒီယေးကို ပစ်မှတ်ထားနေပါတယ်။
အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဆီနီဂေါလက်ရွေးစင် အန်ဒီယေးကို အဲဗာတန်က ပေါင် သန်း ၈၀ လောက် တန်ဖိုးဖြတ်ထားပါတယ်။
အက်စတွန်ဗီလာကလည်း အေစီမီလန်ရဲ့ ပေါ်တူဂီတောင်ပံကစားသမား ရာဖေးလ်လီအိုကို ခေါ်ယူဖို့ တိုက်ရိုက်ဆက်သွယ်ထားတာပါ။ အသက် ၂၇ နှစ်ရှိတဲ့ လီအိုကို ခေါ်ယူဖို့ ဂါလာတာဆာရေးနဲ့လည်း အပြိုင်ဖြစ်နေပါတယ်။
Photo: Reuters











