
အင်္ဂလန်အသင်းဟာ ခရိုအေးရှားကို (၄-၂) ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် ကမ္ဘာ့ဖလားရဖို့ ဒုတိယ ရေပန်းစားအသင်းအဖြစ် Opta supercomputer က သတ်မှတ်လိုက်ပါတယ်။
နည်းပြ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် စပိန်နဲ့ ပေါ်တူဂီလို ပြိုင်ဘက်တွေ ကို ကျော်တက်ခဲ့တာပါ။
အင်္ဂလန်က ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးဖို့ ၁၂ ဒသမ ၂၆ ရာခိုင်နှုန်း အခွင့်အရေး ရှိပါတယ်။ ပြင်သစ်ကတော့ ၁၅ ဒသမ ၄၀ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
ဒီပွဲမှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ၂ ဂိုးသွင်းယူခဲ့ပါတယ်။ ဂျုဒ်ဘယ်လင်ဂမ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ကလည်း လူစားဝင်ပြီး ဂိုးတွေသွင်းယူခဲ့တာပါ။
နည်းပြ တူချယ်ရဲ့ အားပေးစကားတွေကြောင့် ဒုတိယပိုင်းမှာ အင်္ဂလန်တို့ ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီရဲ့ BILD သတင်းစာကတော့ အင်္ဂလန်ရဲ့နိုင်ပွဲကို ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးပွဲစဉ်လို့ ချီးကျူး ထားသလို ပြင်သစ်ရဲ့ L'Equipe သတင်းစာ ကလည်း ဒီပွဲကို “မာစတာကလက်စ်” လို သုံးနှုန်း ခဲ့ပါတယ်။
Photo: Reuters










