
ဝက်စ်ဟမ်းယူနိုက်တက်ဟာ တန်းဆင်းဇုန်ပြိုင်ဘက် စပါးအသင်းကို အမှတ်ဖြတ်နိုင်မဲ့ အခွင့်အရေးကို ဖြုန်းတီးလိုက်ပြီး ဘရန့်ဖို့ဒ်ကို (၃-၀) ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။
အခုရှုံးနိမ့်မှုကြောင့် ဝက်စ်ဟမ်းဟာ စပါးနဲ့ ၅ မှတ်အကွာထိ ဖြစ်လာမဲ့အစား ၂ မှတ်သာ ကွာဟတော့တဲ့အတွက် တန်းဆင်းရမဲ့ အန္တရာယ်က ပြန်ရှိလာတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဝက်စ်ဟမ်းအတွက် မာဗရိုပါးနော့စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုအပြင် ကတ်စတယ်လာနော့စ်ရဲ့ ဂိုးတိုင်ထိမှုတွေကြောင့် ကံဆိုးခဲ့ရပါတယ်။
ဘရန့်ဖို့ဒ်အတွက် အနိုင်ဂိုးတွေကို အီဂေါ်သီယာဂိုနဲ့ ဒမ်းဂါတ်တို့က သွင်းယူခဲ့တာပါ။ နည်းပြ နူနိုကတော့ ပွဲအပြီးမှာ အသင်းရဲ့ စုစည်းမှုပျက်ပြားသွားတာကို ဝန်ခံခဲ့ပြီး ကျန်ရှိတဲ့ ၃ ပွဲမှာ ရလဒ်ကောင်းအောင် ပြန်လုပ်ရမှာဖြစ်သလို၊ ဘရန့်ဖို့ဒ်ကတော့ ဒီနိုင်ပွဲကြောင့် အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။










