DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲ သန့်ရှင်းမျှတရန် နိုင်ငံခြားသံရုံးများကူညီနေ
DVB
·
March 4, 2015
၂၀၁၅ ရွေးကောက်ပွဲ သန့်ရှင်းမျှတရန် နိုင်ငံခြားသံရုံးများကူညီနေ
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲ သန့်ရှင်းမျှတ ပွင့်လင်းမြင်သာစေဖို့ ဥရောပသမဂ္ဂ (အီးယူ) အမေရိကန်၊ ဗြိတိန် (ယူကေ) အပါအ၀င် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံး ၇ ခုက  ကူညီထောက်ပံ့ပေးနေတယ်လို့ ပူးတွဲကြေညာ လိုက်ပါတယ်။

ခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင် မှတ်ကျောက် တင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်းနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေကြောင်း သက်သေခံမယ့် ရွေးကောက်ပွဲဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သန့်ရှင်းမျှတ ပွင့်လင်းမြင်သာပြီး အလုံးစုံအောင်မြင်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဖြစ်စေဖို့ သက်ဆိုင်သူ အားလုံးနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျောက်လုံး အတူတကွပူးပေါင်း လုပ်ဆောင်မယ်ဆိုပါတယ်။

2012 electionသံရုံးတွေက အကူအညီပေးနေ တဲ့ထဲမှာ နိုင်ငံ တကာ စံနှုန်း မီစေဖို့ ရွေးကောက်ပွဲ ကော် မရှင်ကို ရွေးကောက်ပွဲ စီမံခန့်ခွဲမှု ဆိုင်ရာ လိုအပ်တဲ့ နည်းပညာ အကူ အညီတွေပေး တာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ဆိုင်ရာ သင်တန်းတွေ ပေးတာ၊ နိုင်ငံရေး ပါတီတွေ အပါအ၀င် ရွေးကောက်ပွဲမှာပါဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်နိုင်စွမ်း ကိုမြှင့်တင်ပေးတာ၊ လူထု အခြေပြု အဖွဲ့ အစည်းတွေနဲ့ မီဒီယာတွေကို ဆန္ဒမဲပေးခြင်း ဆိုင်ရာ ပညာပေးတာ စတာတွေပါဝင်ပါတယ်။

ဒီကြေညာချက်ကို မြန်မာနိုင်ငံအခြေစိုက်သံရုံးတွေဖြစ်တဲ့ သြစတြေးလျ၊ ဒိန်းမတ်၊ အီးယူ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန် သံရုံးတွေက  မတ်လ ၃ ရက်နေ့စွဲနဲ့ ပူးတွဲ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ အခုနှစ် နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်တဲ့အကြောင်းနဲ့ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဆုံးအဖြတ်ပေးမယ့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံရေးအင်အားစုတွေ အားလုံး အင်တိုက် အားတိုက် ၀င်ပြိုင်မယ့် ရွေးကောက်ပွဲဖြစ်တယ်လို့  မတ်လ ၁ ရက်နေ့ နိုင်ငံတ၀န်းကို ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ ပြောကြားထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013