
တိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာအသင်းကို အက်သလက်တီကိုမက်ဒရစ်အသင်းက သူတို့ရဲ့ X လူမှုကွန်ရက်အကောင့်ကနေ သရော်စာပို့စ်တွေနဲ့ လူသိရှင်ကြား လှောင်ပြောင်လိုက်ပါတယ်။
အသက်၂၆ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး အသင်းပြောင်းချင်နေတဲ့ သတင်းတွေအပေါ် ဘာကာဘက်က ဝါဒဖြန့်နေတယ်လို့ ယူဆတဲ့အတွက် အက်သလက်တီကိုက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အက်သလက်တီကိုဟာ ဘာကာကစားသမားတွေဖြစ်တဲ့ လာမင်းယာမားလ်၊ ပတ်ဒရီတို့ကို သူတို့အသင်းဂျာစီ ဝတ်ပေးထားတဲ့ ဓာတ်ပုံတွေ တင်ခဲ့ပြီး "ယာမားလ်ကို လိုချင်လို့ ဖျော်ဖြေပွဲ လက်မှတ် ၄ စောင်၊ နေကြာစေ့တထုပ်နဲ့ ကမ်းလှမ်းလိုက်တယ်" ဆိုပြီး သရော်ခဲ့ပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းရဲ့ အတိတ်က ဒိုင်လူကြီးအကျင့်ပျက်ခြစားမှု ပြဿနာတွေကိုပါ ထည့်သွင်းတိုက်ခိုက်ခဲ့ပါတယ်။
Photo:Reuters










