ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ အန်းဖီးလ်ကွင်းမှာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရာ မက်အယ်လစ္စတာရဲ့ အနိုင်ဂိုးနဲ့ လီဗာပူးလ်အသင်းက အက်သလက်တီကို မက်ဒရစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပွဲချိန် ပထမပိုင်း ၁၇ မိနစ်မှာ မားကိုးစ် လိုရန်တေးက အက်သလက်တီကိုအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမဲ့ ဆိုဘော့စလိုင်းက မိနစ် ၄၀ မှာ လီဗာပူးအတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။
ပွဲချိန် ဒုတိယပိုင်း မိနစ် ၅၀ မှာ မက်အယ်လစ္စတာက ဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး လီဗာပူးအတွက် အနိုင်ဂိုး ရယူပေးခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် နည်းပြ အီရာအိုလာအတွက် လီဗာပူး အိမ်ကွင်း ပထမဆုံးနိုင်ပွဲနဲ့ ပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲကို ရရှိခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နောက်ထပ် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၄ ရက်မှာ LASK အသင်းနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။











