အာဂျင်တီးနားအသင်းဟာ လာမယ့် အောက်တိုဘာလမှာ ဘီနင်နဲ့ကစားမဲ့ ခြေစမ်းပွဲအတွက် တိုက်စစ်မှူး မက်ဆီကို အသင်းလူစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
ဒီပွဲဟာ အသက် ၃၉ နှစ်အရွယ် မက်ဆီအတွက် နိုင်ငံအသင်းကနေ အနားယူမဲ့ နှုတ်ဆက်ပွဲစဉ် ဖြစ်ပါတယ်။
အင်တာမိုင်ယာမီ ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ နိုင်ငံအသင်းကနေ အနားယူဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာပီယာ ကတော့ မက်ဆီအတွက် ထိုက်တန်တဲ့ နှုတ်ဆက်ပွဲ ပေးချင်လို့ ဖိတ်ခေါ်ခဲ့တာလို့ ပြောပါတယ်။
ဒီပွဲကို အောက်တိုဘာ ၆ ရက်မှာ တောင်အမေရိကမှာ အကြီးဆုံးဖြစ်တဲ့ ရေးဗားပလိတ်အသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပမှာပါ။
ရေးဗားပလိတ်ရဲ့ကွင်း အက်စတာဒီယို မွန်နူမန်တယ်ဟာ ပရိသတ် ၈ သောင်းခွဲ ဆံ့တာပါ။
အာဂျင်တီးနား သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူထားတဲ့ မက်ဆီဟာ အသင်းအတွက် ၂၀၇ ပွဲမှာ ၁၂၅ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။











