DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၄ ဦးကို AA ပြန်လွှတ်ပေး
DVB
·
April 3, 2026
ယခင်ပုံဟောင်း Photo:  APM 
ယခင်ပုံဟောင်း Photo:  APM 
Donate to DVB

အာရက္ခတပ်‌တော်(AA) ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁၄ ယောက်ကို မတ် ၃၁ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာတွေက ရေးပါတယ်။

မတ် ၂၈ ရက်က ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ငါးခိုးဖမ်းမှုကြောင့် အာရက္ခတပ်တော်က ဖမ်းဆီးခဲ့ပြီး ၃ ရက်အကြာမှာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး သူတို့ရဲ့ နေအိမ်ကို ပြန်ရောက် ရှိလာကြပြီလို့ မိသားစုဝင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)တွေက အတည်ပြု ပြောပါတယ်။

ပြန်လွတ်လာကြတဲ့ ငါးဖမ်းသမားတွေဟာ တက္ကနဖ်မြို့နယ်အတွင်း ကျေးရွာတွေက  တံငါသည်တွေ ဖြစ်ကြပြီး သားဖြစ်သူ အိမ်ပြန်ရောက်လာတဲ့အတွက် ဝမ်းသာတယ်လို့ လွတ်မြောက်လာတဲ့ ငါးဖမ်းသမား တယောက်ရဲ့ မိခင်က ပြောပါတယ်။

“ကျမရဲ့သား ၃ ယောက်အပါဝင် မိသားစုဝင် ၅ ယောက် အိမ်ပြန်ရောက်လာလို့ အရမ်းပဲ ဝမ်းသာ မိပါတယ်။ သူတို့ ဖမ်းဆီးခံထားရချိန်က အရမ်းပဲ စိုးရိမ်ခဲ့ရတာ။ အခုတော့ စိတ်ချရပြီ။ သူတို့ ကျန်းမာရေးကတော့ သိပ်မကောင်းကြဘူး။”

အခုဖမ်းဆီးခံလိုက်ရတဲ့ ငါးဖမ်းသမားတွေဟာ စက်လှေ ၃ စင်းနဲ့အတူ နတ်မြစ်ဝ ရှာပေါရီကျွန်းနား မှာ အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ငါးဖမ်းသမားတွေ အားလုံးကို စိစစ်နေတယ်လို့ တက္ကနဖ်မြို့နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့(BGB)ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မိုဟာမက် ဟာနီဖာ ရာမန် ဘူယန်က ပြောပါတယ်။

“ငါးဖမ်းသမား ၁၄ ယောက်နဲ့ စက်လှေ ၃ စီးပြန်ရောက်လာပါပြီ။ သူတို့ကို စစ်ဆေးမေးမြန်မှုတွေ လုပ်နေတယ်။”

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေဟာ ရေလှိုင်းကြောင့် မရည်ရွယ်ဘဲ ရခိုင်ရေပိုင်နက်အတွင်း ဝင်ရောက်သွားတာကနေ ဖမ်းဆီခံလိုက်ရတာဖြစ်ပြီး ၃ ရက်အကြာ ပြန်လွှတ်ပေးလိုက်လို့ ဝမ်းသာ ကျေနပ်တယ်လို့ လွတ်မြောက်လာတဲ့ ငါးဖမ်းသမား မိုစတာဖီဇာက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ရခိုင်ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၇၆ ယောက်ကို အာရက္ခတပ်တော်က BGB နဲ့ ဆက်သွယ်ပြီး ပြန်လွှတ် ပေးခဲ့ပါတယ်။

Source: BDNEWS 24

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013