
ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဂျာရော့ဒ်ဘိုဝင်ဟာ အသင်းအနေနဲ့ တန်းဆင်းဇုန်က လွတ်မြောက်ခဲ့ရင်တောင် လာမဲ့နွေရာသီမှာ အသင်းကနေ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။
အသက် ၂၉ နှစ်အရွယ် အသင်းခေါင်းဆောင် ဘိုဝင်ကို ခေါ်ယူဖို့ မိုဟာမက်ဆာလာရဲ့နေရာမှာ အစားထိုးလိုတဲ့ လီဗာပူး၊ အန်တိုနီဂေါ်ဒွန်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်နဲ့ နည်းပြဟောင်း ဒေးဗစ်မွိုက်စ်ရဲ့ အဲဗာတန်အသင်းတို့က စိတ်ဝင်စားနေကြတာပါ။
ဝက်စ်ဟမ်းအသင်းဟာ ဘုတ်အဖွဲအတွင်း အပြောင်းအလဲတွေရှိနေပြီး တန်းဆင်းရပါက ဘဏ္ဍာရေးအရ ရိုက်ခတ်မှုတွေ ရှိလာနိုင်တာကြောင့် ဘိုဝင်ကို ပေါင်သန်း ၆၀ အောက်နဲ့ လက်လွှတ်ရဖွယ် ရှိနေပါတယ်။
ဘိုဝင် အပြင် အသင်းရဲ့ တောင်ပံကစားသမား ဆမ်မာဗေးလ်ကိုလည်း စပါး အပါအဝင် တခြားကလပ်အသင်းတွေက မျက်စိကျနေကြပါတယ်။











