ပရီးမီးယားလိဂ်တွင် နည်းပြပြန်လုပ်ရန် ဆောက်ဂိတ် ငြင်းဆို
DVB
·
October 16, 2026

အင်္ဂလန်အသင်းနည်းပြဟောင်း ဂါရတ်ဆောက်ဂိတ်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို နောင်တချိန်မှာ ကိုင်တွယ်တော့မှာမဟုတ်ကြောင်း ပြောလိုက်ပါတယ်။
သူဟာ အင်္ဂလန်အသင်းကို ၈ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် ယူရို ၂၀၂၄ ဗိုလ်လုပွဲအပြီးမှာ ရာထူး ကနေ နုတ်ထွက်ခဲ့တာပါ။
ဆောက်ဂိတ်ဟာ အနိုင်ရလဒ်တွေကို ပျော်ရွှင်မှုမရှိတော့ကြောင်း ဝန်ခံထားပြီး ဘောလုံးပွဲတွေကို လည်း ၁ နှစ်ခွဲကျော် ကြာ တက်ရောက်ကြည့်ရှုခြင်းမရှိတော့တာ ဖြစ်ပါတယ်။
သူဟာ နောက်ဆုံးတက်ရောက်ခဲ့တဲ့ပွဲအဖြစ် ၂၀၂၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုသာ မှတ်တမ်းတင် ထားပါတယ်။
Photo:Reuters











