
ဟောလိုးဝင်းပွဲတော် မတိုင်မီ အောက်တိုဘာ ၂၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရှိတဲ့ ချန်ချွေးပန်းခြံမှာ သွေးအလိမ်းလိမ်းနဲ့ သရဲတွေ၊ မျက်လုံးပြူးတွေနဲ့ ဝိညာဉ်တွေ၊ ထိုင်းရိုးရာပုံပြင်လာ သရဲတွေအပြင် ထိတ်လန့်စရာ ရုပ်ရှင်ဇာတ်ကားတွေထဲက လူပြက်တွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။
အသက်အရွယ်မရွေး ပါဝင်ယှဉ်ပြိုင်သူတွေက စင်မြင့်ပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ဟန်ရေးပြ ဖျော်ဖြေခဲ့ကြပြီး ပရိသတ်တွေကတော့ အမှတ်ပေးတဲ့စနစ်အစား အမွှေးတိုင်တွေသုံးပြီး မဲပေးရွေးချယ်ခဲ့ကြပါတယ်။
ဟောလိုးဝင်း ပွဲတော်ဟာ ထိုင်းရိုးရာပွဲတော်တခု မဟုတ်ပေမဲ့ ပါဝင်ဆင်နွှဲသူတွေက ဒီပွဲဟာ ကြောက်လန့်စရာတွေအတွက် သာမက လူအများ စုစည်းပျော်ရွှင်နိုင်စေဖို့ လုပ်တာလို့ ပြောပါတယ်။
တချို့က သရဲတိုင်း ကြောက်စရာကောင်းနေစရာ မလိုဘူးလို့ ပြောရင်း ညချမ်းအချိန်ကို အပျော်တွေ မျှဝေဖို့ သုံးခဲ့ကြပါတယ်။
မိဘတွေနဲ့ ကလေးတွေကလည်း ဖုန်းတွေကို ဘေးဖယ်ထားပြီး ဝတ်စုံတွေကို အတူတကွ ဖန်တီးပြုလုပ်ခဲ့ကြပါတယ်။
စနေနေ့က ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကို အောက်တိုဘာ ၃၁ ရက်မှာ ထပ်ကျင်းပဖို့ စီစဉ်ထားပြီး ဆုကြေးငွေအဖြစ် စုစုပေါင်း ထိုင်းဘတ်ငွေ ၃၀,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၈၈၈ ခန့်) ကို ချီးမြှင့်ပေးခဲ့ပါတယ်။
Source: Reuters











