DVB Logo
Home
နိုင်ငံတကာ
ဖမ်းဆီးထားသည့် တောင်ကိုရီးယား မူးယစ်ရာဇာကို ဖိလစ်ပိုင်က လွှဲပြောင်းပေး
DVB
·
March 25, 2026
Photo: YONHAP NEWS TELEVISION / SOUTH KOREA'S MINISTRY OF JUSTICE HANDOUT / KOREAN NATIONAL POLICE AGENCY HANDOUT
Photo: YONHAP NEWS TELEVISION / SOUTH KOREA'S MINISTRY OF JUSTICE HANDOUT / KOREAN NATIONAL POLICE AGENCY HANDOUT
Donate to DVB

တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ ဖိလစ်ပိုင်အကျဉ်းထောင်ထဲကနေ တောင်ကိုရီးယားနိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်းတခုကို စီမံခန့်ခွဲ ကြိုးကိုင်နေတယ်လို့ စွပ်စွဲခံထားရတဲ့ “မူးယစ်ရာဇာ” တယောက်ကို မတ် ၂၅ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

၃ လောင်းပြိုင် လူသတ်မှုအတွက် ထောင်ဒဏ် အနှစ် ၆၀ ကျခံနေရတဲ့ ဘတ်ဝမ်းယောလ်ကို လွှဲပြောင်းပေးဖို့ ဒီလအစောပိုင်းက ထိပ်သီးအစည်းအဝေးတခုမှာ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ဆီကို တောင်းဆိုခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ သူ့ကို ယာယီလွှဲပြောင်းခွင့်နဲ့ တောင်ကိုရီးယားကို လေယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။

နှစ်နိုင်ငံအကြားက သဘောတူစာချုပ်ထဲက ယာယီလွှဲပြောင်းခြင်းဆိုင်ရာ သတ်မှတ်ချက် အပိုဒ်ခွဲအရ သံသယရှိသူကို တောင်ကိုရီးယားမှာ စစ်ဆေးမေးမြန်းနိုင်ဖို့အတွက် ဖိလစ်ပိုင်မှာ ကျခံနေရတဲ့ ထောင်ဒဏ်ကို ခေတ္တရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ဆိုးလ်မြို့က နိုင်ငံခြားရေးနဲ့ တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၄၇ နှစ်အရွယ် ဘတ်ဝမ်းယောလ်ဟာ တရားမဝင် မူးယစ်ဆေးဝါး ‘အမြောက်အမြား’ မှောင်ခိုသွင်းတဲ့ ဂိုဏ်းတခုကို ဦးဆောင်ကာ တောင်ကိုရီးယားနိုင်ငံအတွင်း ဖြန့်ဖြူးဖို့ ကြံရာပါတွေနဲ့ ပူးပေါင်းခဲ့တယ်လို့ ယူဆရကြောင်း တောင်ကိုရီးယား အာဏာပိုင်တွေက ပြောဆိုပါတယ်။

တရားရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ဘတ်ဝမ်းယောလ်ရဲ့ မူးယစ်ဆေးဝါး အရောင်းအဝယ် ပမာဏနဲ့ တန်ဖိုးတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယား ပြည်တွင်းမီဒီယာတွေမှာတော့  သူဟာ တလကို လမ်းဘေးစျေးကွက်တန်ဖိုး ဝမ် ၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀ သန်း) ခန့်ရှိတဲ့ မက်သဖက်တမင်း (အိုက်စ်) ၆၀ ကီလိုဂရမ်လောက်ကို ဖြန့်ဖြူးနေတယ်လို့ ဖော်ပြကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013