DVB Logo
Home
အားကစား
စပါးကို ရှုံးနိမ့်ခဲ့သည့် ဗီလာအသင်း လူထုတ်ပုံအပေါ်  စုံစမ်းစစ်ဆေးရန် တောင်းဆို 
DVB
·
May 4, 2026
Photo: Action Images via Reuters/Matthew Childs/File Photo
Photo: Action Images via Reuters/Matthew Childs/File Photo
Donate to DVB

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ စပါးနဲ့ပွဲမှာ အဓိကကစားသမား ၇ ယောက်အထိ ချန်လှပ်ကာ အရန်အင်အားနဲ့ ပွဲထွက်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဗီလာဟာ (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရလဒ်ကြောင့် စပါးဟာ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ခဲ့ပြီး ဗီလာကတော့ အဆင့် ၄ နေရာ တက်လှမ်းခွင့်ကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဗီလာပရိသတ်တွေကတော့ ဒီလူထုတ်ပုံဟာ အသင်းဂုဏ်သိက္ခာကို ထိခိုက်စေပြီး တန်းဆင်းဇုန် တိုက်ပွဲဝင်နေတဲ့ တခြားအသင်းတွေအပေါ် မတရားသလိုဖြစ်နေကြောင်း စွပ်စွဲခဲ့ကြပါတယ်။ 

ဒီရလဒ်ကြောင့် ဝက်စ်ဟမ်းအသင်းက စပါးနဲ့ တမှတ်အကွာ အဆင့် ၁၈ နေရာ ရောက်ရှိသွားပြီး  လက်ကျန် ၃ ပွဲက ဘယ်အသင်းတန်းဆင်းမလဲဆိုတာ အဆုံးအဖြတ်ဖြစ်လာမှာပါ။ 

နည်းပြ အမ်မရီကတော့ ယူရိုပါလိဂ်အတွက် ကစားသမားတွေကို အနားပေးခဲ့တာဖြစ်ပြီး စပါးက ပိုကောင်းလို့ မိမိတို့အသင်း ရှုံးခဲ့တာဖြစ်ကြောင်း ခုခံပြောကြားသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013