
အိန္ဒိယနိုင်ငံခြားရေးဌာနရဲ့ လက်ထောက်ဝန်ကြီး တယောက်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ နေပြည်တော်ကို သွားရောက်မယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာနက ဧပြီ ၆ ရက်မှာ ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဌာန လက်ထောက်ဝန်ကြီး တယောက်ဖြစ်တဲ့ ကီရ်တီဗာဒါန်ဆင်းဂ်ဟာ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ ဧပြီ ၈ ရက်ကနေ ၁၁ ရက်အထိ မြန်မာနိုင်ငံကို သွားရောက် မှာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ရှိနေတယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြပါတယ်။
ကီရ်တီဗာဒါန်ဆင်းဂ်ဟာ ခရီးစဉ်အတွင်း နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီအရာရှိတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ရပြီး ဒီတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်သလို ရန်ကုန်မြို့မှာရှိတဲ့ အိန္ဒိယနွယ်ဖွား အသိုက်အဝန်းနဲ့လည်း တွေ့ဆုံသွားမယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယအစိုးရဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းမှုအပြီး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရဖွဲ့စည်းမဲ့အပေါ်မှာ တော့ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
Source: The Hindu










