DVB Logo
Home
မြန်မာသတင်း
လားရှိုး တိုင်းစစ်ဌာနချုပ်ရှေ့ရှိ နေအိမ်ကို ဓားပြဝင်တိုက်ပြီး အမျိုးသမီး ၂ ဦးအား သတ်ဖြတ်
DVB
·
July 21, 2026
Photo: STT
Photo: STT
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အဝင်ပေါက်အနီး ရပ်ကွက် ၁၀ က နေအိမ်တအိမ်ကို ဓားပြဝင်တိုက်ပြီး အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၉ ရက် ညပိုင်းမှာ ညီအစ်မ ၃ ယောက် နေထိုင်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အနီးက နေအိမ်ကို အမျိုးသား ၃ ယောက်က ဝင်ရောက်လာပြီး အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ခဲ့သလို ရွှေနဲ့ ငွေတွေ ယူဆောင်သွားတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးအိမ်နဲ့လည်း တအိမ်ကျော်လေးပဲ။ ညီအစ်မ ၃ ယောက်ရှိတာ။ အလတ်မက ပစ္စည်းတွေယူပြီး အပြင်ထွက်သွားချိန် အမျိုးသား ၃ ဦးက ဝင်လာပြီး ကျန်ခဲ့တဲ့ ညီအစ်မ ၂ ဦးကို သတ်ပြီး ပစ္စည်းတွေယူသွားတာ” လို့ DVB ကို ပြောပါတယ်။

အဲဒီ ညီအစ်မတွေဟာ နေအိမ်မှာပဲ အထည်ဆိုင်ဖွင့်သူတွေ ဖြစ်သလို သတ်သွားသူတွေဟာလည်း ညီအစ်မတွေရဲ့ မောင်နှမဝမ်းကွဲတော်စပ်သူ သားအဖနဲ့ သားဖြစ်သူရဲ့ သူငယ်ချင်းယောက်လည်း ပါဝင်ပြီး မနေ့ ဇူလိုင် ၂၀ ရက်မှာ အဖေဖြစ်သူကို ဖမ်းဆီးရမိထားပြီလို့ ဆိုပါတယ်။

အသတ်ခံရသူတွေဟာ ဒေါ်နီနီစိုး (၆၂ နှစ်)၊ ဒေါ်မြသီတာစိုး (၅၀ နှစ်) တို့ ဖြစ်ကြပြီး လည်ပင်းကို ဓားနဲ့ခုတ်ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားကြတာလို့ သိရပါတယ်။

ဒေသခံတယောက်က “အလတ်မ အပြင်ထွက်တော့ အဲဒီသားအဖတွေ အိမ်ထဲဝင်သွားတာကို တွေ့လိုက်တယ်။ အဲဒါကြောင့် ခေါ်စစ်တာကနေ အဖေဖြစ်သူကို ဖမ်းမိသွားတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ လွတ်နေတယ်။ ညီအစ်မတွေက အပျိုကြီးတွေ” လို့ ပြောပါတယ်။

ဘာကြောင့် ဓားပြမှုကျူးလွန်တယ် ဆိုတာကိုတော့ မသိရသေးပေမဲ့ လားရှိုးမြို့မှာတော့ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးတွေကို တွင်တွင်ကျယ်ကျယ် လုပ်လာနေကြတာကြောင့် အမှုအခင်းတွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013