
ခရစ္စတယ်ပဲလေ့ကို (၂-၁) ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို နားလည်ကြောင်းနဲ့ ဒီရလဒ်အတွက် သူဟာ အဓိကတာဝန်ရှိသူဖြစ်တယ်လို့ ပြောပါတယ်။
နယူးကာဆယ်ဟာ ဒီရာသီမှာ ဦးဆောင်ဂိုးရပြီးမှ အမှတ်ပြန်ဆုံးရှုံးရမှု အများဆုံးအသင်း ဖြစ်နေပြီး အဆင့် ၁၄ အထိ ကျဆင်းသွားခဲ့တာပါ။
အက်ဒီဟောင်းက “ပရိသတ်တွေရဲ့ ဒေါသကို ကျနော် နားလည်ပါတယ်။ ကျနော် ဘာကိုမှ မျက်စိမှိတ်မထားပါဘူး။ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ပြန်ဆန်းစစ်ရမှာပါ” လို့ ပြောပါတယ်။
ဒီပွဲမှာ လူငယ်ကစားသမား အိုဆူလာက အဖွင့်ဂိုးသွင်းပေးခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ပဲလေ့တိုက်စစ်မှူး မာတေတာရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
လာမဲ့ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အက်ဒီဟောင်းဟာ သူ့ရဲ့အသင်းဟောင်း ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာဖြစ်လို သူ့ရဲ့အနာဂတ်အတွက် ပိုပြီး ဖိအားများလာနိုင်ပါတယ်။










