
ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်မှာ အငှားသွားကစားခဲ့တဲ့ တိုက်စစ်မှူး နီကိုးလပ်စ်ဂျက်ဆင် ကို လာမဲ့ နွေရာသီမှာ အသင်းဆီ ပြန်လည်ခေါ်ယူပြီး နည်းပြသစ် ဇာဘီအလွန်ဆိုအောက်မှာ ခြေစွမ်းပြခွင့် ပေးသွားမှာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဆီနီဂေါတိုက်စစ်မှူးဟာ နည်းပြဟောင်း မာရက်စကာနဲ့ အဆင်မပြေလို့ အသင်းကနေ ခဏ ထွက်ခွာခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ မာရက်စကာ မရှိတော့တဲ့အတွက် အသင်းမှာ ဆက်နေဖို့ အလားအလာ ရှိနေပါတယ်။
ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အတွက် ၁၁ ဂိုး သွင်းယူပေးခဲ့ပြီး ကလပ်အသင်းနဲ့ ၂၀၃၃ ခုနှစ်အထိ ၇ နှစ်နီးပါး သက်တမ်းကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တချို့က စိတ်ဝင်စားနေပေမဲ့ ချဲလ်ဆီးဘက်ကတော့ လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဇူလိုင် ၁ ရက်မှာ စတင်တာဝန်ယူမဲ့ နည်းပြ အလွန်ဆိုကို ဂျက်ဆင်ရဲ့ ခြေစွမ်းကို အကဲဖြတ်ဖို့ အရင်ဆုံး အခွင့်အရေးပေးသွားမှာ ဖြစ်ပါတယ်။
Photo:Reuters










