
ချဲလ်ဆီးနည်းပြ ဇာဘီအလွန်ဆိုဟာ မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ ပေါ်တူဂီ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်စ်ကို လူတွန်တောင်းနဲ့ကစားတဲ့ပွဲမှာ ချန်လှပ်ခဲ့ပါတယ်။
အလွန်ဆိုက ကစားသမားနဲ့ သီးသန့်စကားပြောကာ ဒီလို ဆုံးဖြတ်ခဲ့တာပါ။ ချဲလ်ဆီးအသင်းကတော့ အန်ဇိုအတွက် မန်စီးတီးဆီက တရားဝင်ကမ်းလှမ်းမှု မရသေးဘူးလို့ ဆိုပါတယ်။
အလွန်ဆိုက အသင်းအတွက် ကစားချင်စိတ်နဲ့ စွမ်းအင်အပြည့်ရှိတဲ့ ကစားသမားတွေကိုပဲ ရွေးချယ်ချင်တာကြောင့် အခုလို သီးသန့်ဆွေးနွေးပြီး စာရင်းမှ ချန်ခဲ့တာလို့ပြောပါတယ်။
ချဲလ်ဆီးဟာ အန်ဇိုထွက်ခွာသွားခဲ့ရင် အစားထိုးဖို့ မိုနာကိုကွင်းလယ်လူ လာမင်းကာမာရာကို ပစ်မှတ် ထားနေပါတယ်။
ဒါ့အပြင် အက်စတွန်ဗီလာ ဂိုးသမား အယ်မီလီယာနိုမာတီနက်ဇ်ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။
Photo:Reuters











