ဘရာဇီးနည်းပြ အန်ဆယ်လော့တီဟာ နေမာကို ကမ္ဘာ့ဖလားလူစာရင်းမှာ ထည့်သွင်းသင့်သလား ဆိုတာနဲ့ ပတ်သက်ပြီး သမ္မတ လူလာကို တိုင်ပင်ခဲ့ပါတယ်။
သမ္မတက နေမာအနေနဲ့ ကြံ့ခိုင်မှုရှိရင် အရည်အချင်းရှိပြီးသားဖြစ်ပေမဲ့ နာမည်နဲ့တင်မရဘဲ ကွင်းထဲမှာ တကယ်ကစားချင်စိတ်ရှိကြောင်း သက်သေပြဖို့လိုတယ်လို့ ပြန်လည် အကြံပြုခဲ့ပါတယ်။
နေမာဟာ မကြာသေးမီက ဒိုင်လူကြီးအပေါ် လိင်ပိုင်းဆိုင်ရာ ခွဲခြားတဲ့စကားလုံး သုံးနှုန်းခဲ့တာကြောင့် ဝေဖန်ခံနေရသလို ဒဏ်ရာပြဿနာတွေကြောင့်လည်း အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတာပါ။
သမ္မတကတော့ နေမာအနေနဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့လို ပရော်ဖက်ရှင်နယ်ဆန်ဖို့ လိုအပ်တယ်လို့ သတိပေးခဲ့ပါတယ်။











