DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေး၊ လက်နက်ခဲယမ်းများနှင့်အတူ စစ်တပ်သတင်းပေး ၃ ဦးကို ကော့သောင်းပကဖ ဖမ်းဆီး
DVB
·
May 13, 2026
Photo : ကော့သောင်းပကဖ
Photo : ကော့သောင်းပကဖ
Donate to DVB

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေတဲ့ စစ်တပ်ရဲ့ သတင်းပေး ၃ ယောက်ကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

မေ ၁၀ ရက်က ကော့သောင်းမြို့နယ် ပကဖနဲ့ တနင်္သာရီတိုင်း ပကဖ တိုက်ခိုက်ရေးတပ်ရင်းတို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် သတင်းအရ ဝင်ရောက်ရှာဖွေရာ WY စိတ်ကြွ ဆေးပြား ၆၉၄ ပြား၊ 380.v ပစ္စတိုတလက်၊ ကျည် ၅၈ တောင့်၊ ထိုင်းဘတ်ငွေ ၁၁,၀၀၀ ကျော်နဲ့ ဖုန်းတလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေရဲ့ လက်ကိုင်ဖုန်းကို ဆက်လက်စစ်ဆေးရာမှာ စစ်အာဏာရှင်အဖွဲ့တွေဆီ သတင်းပို့ထားတဲ့ အထောက်အထားတွေကို ခိုင်လုံစွာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကော့သောင်း မြို့နယ် ပကဖက ပြောပါတယ်။

ကော့သောင်းခရိုင်ပကဖ တာဝန်ရှိသူတယောက်က “ဒီ မူးယစ်ဆေးတွေက နယ်စပ်ဘက်ကနေ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အုပ်စုတွေဆီကတဆင့် စီးဝင်လာတာပါ။ သူတို့က နယ်စပ်ဒေသက လူငယ်လူကြီးမရွေး အားလုံးကို ရောင်းချနေတာဖြစ်ပြီး လက်ရှိမှာတော့ တရားခံတွေကို ဥပဒေ အတိုင်း အရေးယူဖို့ ထိန်းသိမ်းထားပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိတဲ့ တရားခံတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ် လို့ ကော့သောင်းမြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013