
လက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဟားလ်စီးတီးနဲ့ (၂-၂) ဂိုးစီ သရေကျပြီးနောက် ပရီးမီးယားလိဂ်ကနေ ၂ နှစ်အတွင်း လိဂ်ဝမ်း (တတိယတန်း) အထိ ဆက်တိုက်တန်းဆင်းသွားရတဲ့ ၅ သင်းမြောက်ကလပ် ဖြစ်လာပါတယ်။
အသင်းပရိသတ်တွေကတော့ ထိုင်းလူမျိုးပိုင်ရှင် King Power အဖွဲ့အစည်းကို ကွင်းအတွင်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဘဏ္ဍာရေးကျွမ်းကျင်သူတွေရဲ့ အဆိုအရ လက်စတာဟာ အနာဂတ်မှာ ရမဲ့ ရောင်းချခွန်တွေနဲ့ ထောက်ပံ့ကြေးတွေကို အတိုးနှုန်းမြင့်မားတဲ့ ဘဏ်ချေးငွေတွေနဲ့ ကြိုတင်ထုတ်ယူ သုံးစွဲထားတာကြောင့် ပေါင် သန်း ၇၀ လောက် ဘဏ္ဍာရေးဟာကွက်ကြီးနဲ့ ရင်ဆိုင်နေရပါတယ်။
လိဂ်ဝမ်းမှာ ကစားရမဲ့အသင်းအတွက် ပရီးမီးယားလိဂ်အဆင့် လစာပေးနေရတဲ့ ကစားသမားတွေဟာ ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့အတွက်လည်း ရင်းနှီးမြှုပ်နှံမှု အခက်အခဲတွေ ရှိနေပါတယ်။
တကယ်လို့ လာမဲ့ရာသီမှာ ချန်ပီယံရှစ်ကို ချက်ချင်းပြန်မတက်နိုင်ရင် လက်စတာရဲ့ အခြေအနေဟာ အခုထက်ပိုပြီး ဆိုးရွားသွားနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။










