
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်မှာ ဧပြီ ၂၃ ရက်က ဒေသခံ နိုင်ငံရေးပါတီ ၂ ခု ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ညက ပေါက်ကွဲမှုတခုကြောင့် အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တာကနေ စတင် အကြောင်းပြု ဖြစ်ပွားခဲ့တာပါ။
ပြည်နယ်အာဏာရပါတီဖြစ်တဲ့ ထရီနာမူလ်ကွန်ဂရက်စ်ပါတီ (TMC) နဲ့ အာမ်ဂျန်တာ အူနယန်ပါတီ (AUJP)တို့က ပါတီဝင်တွေအကြား အခြေအနေတွေ ပိုတင်းမာလာပြီး အပြန်အလှန် ခဲနဲ့ပေါက်တာ၊ တုတ်တွေနဲ့ရိုက်တာအပြင် ကားတွေကိုပါ ဖျက်ဆီးတဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ပါတယ်။
လက်ရှိ အနောက်ဘင်္ဂလားပြည်နယ်မှာ အကြိတ်အနယ်ရှိမဲ့ ရွေးကောက်ပွဲတွေ ကျင်းပနေပြီး ရလဒ် ကိုတော့ မေလ ၄ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။
ပြည်နယ်ရွေးကောက်ပွဲတွေဟာ အိန္ဒိယဗဟိုအစိုးရရဲ့ တည်ငြိမ်မှုအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိပေမဲ့ အာဏာရ ညွန့်ပေါင်းအစိုးရအပေါ် လူထုရဲ့ သဘောထားကို တိုင်းတာနိုင်တဲ့အတွက် စောင့်ကြည့် ရမဲ့ပွဲလည်း ဖြစ်ပါတယ်။
Source:Reuters











