ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး အာဂျင်တီးနား ကစားသမား ၁ ဦး ထပ်မံ ပွဲပယ်ခံရ
DVB
·
July 20, 2026
ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ပြီးဆုံးချိန်မှာ စပိန်နဲ့ အာဂျင်တီးနား ကစားသမားတွေကြား ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။
ဒီလို အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား ကွင်းလယ်လူ လီယန်ဒရို ပါရာဒက်စ်ဟာ အနီကတ်နဲ့ ပွဲပယ်ခံခဲ့ရတာပါ။
ပါရာဒက်စ်ဟာ စပိန်ကစားသမား အဲရစ်ဂါစီယာကို လက်နဲ့တွန်းပြီး ဂါဗီကို မြေပေါ်လဲကျအောင် လုပ်ခဲ့တာကြောင့် အနီကတ်ပြခံရတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ အာဂျင်တီးနား ကစားသမား သီယာဂို အယ်လ်မာဒါလည်း ပါဝင်ခဲ့ပါတယ်။ ပါရာဒက်စ် ရရှိခဲ့တဲ့ အနီကတ်ဟာ အာဂျင်တီးနားအသင်းအတွက် ဒီပွဲမှာ ဒုတိယမြောက် အနီကတ် ဖြစ်ပါတယ်။











