
အင်္ဂလန် ကာရာဘောင်ဖလား ပြိုင်ပွဲရဲ့ စတုတ္ထအဆင့် မဲခွဲပွဲ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ် အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ စတုတ္ထအဆင့်မှာ တင် ထိပ်တိုက်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ကိုတော့ လီဗာပူးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အန်းဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
ကစားသမားဟောင်း ဇာဘီအလွန်ဆိုအတွက်လည်း အန်းဖီးလ်ကွင်းဆီ ပြန်လည်ရောက်ရှိလာမဲ့ ပွဲစဉ်တခု ဖြစ်လာမှာပါ။
တခြားပွဲစဉ်တွေမှာတော့ အာဆင်နယ်အသင်းဟာ လိဂ်တူးကလပ် ဖလက်ဝုဒ်တောင်းအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းကတော့ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။
မန်စီးတီးက နောဝစ်ချ်ကို အနိုင်ရခဲ့ရင် ဘရိုက်တန်နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။
ဒီမဲခွဲပွဲရလဒ်အရ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ထိပ်တိုက်တွေ့ဆုံမှုတွေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
စတုတ္ထအဆင့် ပွဲစဉ်တွေဟာ ကာရာဘောင်ဖလား ပြိုင်ပွဲအတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာစေမှာ ဖြစ်ပါတယ်။
Photo:Reuters











