DVB Logo
Home
မြန်မာသတင်း
လုပ်အားခတိုးပေးရန် JUN Corporation အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြ
DVB
·
June 24, 2026
Photo: JUN Corporation
Photo: JUN Corporation
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာမှာရှိတဲ့ JUN Corporation အထည်ချုပ် စက်ရုံ က အလုပ်သမားတွေ လုပ်အားခတိုးပေးဖို့ ဆန္ဒပြတောင်းဆိုနေပေမဲ့ ပြေလည်မှု မရသေးဘူးလို့ အလုပ်သမားတွေဆီက သိရပါတယ်။

ခေတ်ကာလ ကုန်ဈေးနှုန်းအရ တရက်လုပ်ခ၊ ရက်မှန်ကြေးနဲ့ အချိန်ပိုကြေး တိုးပေးဖို့ အလုပ်သမား ၃၀၀ နီးပါးက ဇွန် ၁၈ ရက်ကတည်းက ဆန္ဒပြခဲ့ကြပြီး ဇွန် ၂၂ ရက်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းခဲ့ပေမဲ့ တရက်လုပ်ခပဲ တိုးပေးတဲ့အတွက် ဆက်လက်ဆန္ဒပြ တောင်းဆိုနေတာလို့ အလုပ်သမား တယောက်က ပြောပါတယ်။

"မနေ့က မြို့နယ်က လာညှိနှိုင်းတယ်။ ညီမတို့ တောင်းဆိုတာက တရက်လုပ်ခ၊ ရက်မှန်ကြေးနဲ့ OT အချိန်ပိုကြေး တိုးပေးဖို့။ စက်ရုံဘက်က တရက်လုပ်ခပဲ တိုးပေးတယ်။ ရက်မှန်ကြေးနဲ့ အချိန်ပိုကြေး တိုးမပေးဘူး။ ပြောရရင် ညှိနှိုင်းမှု အဆင်မပြေသေးဘူး။”

တောင်းဆိုချက် ၃ ချက်ထဲက စက်ရုံဘက်က တရက်လုပ်ခ ကျပ် ၁၂,၀၀၀ ပဲ တိုးပေးခဲ့ပြီး ရက်မှန်ကြေးနဲ့ အချိန်ပိုကြေးကို တိုးမပေးတာကြောင့် ညှိနှိုင်းမှု အဆင်မပြေတာလို့ အလုပ်သမား တယောက်က ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေက တရက်လုပ်ခ ကျပ် ၁၀,၅၀၀ အစား ၁၃,၀၀၀ ကျပ် ပေးဖို့၊ အချိန်ပို (OT) ကြေး ကျပ် ၂,၀၀၀  အစား ၂,၇၀၀  ပေးဖို့နဲ့ ရက်မှန်ကြေး ကျပ် ၅၀,၀၀၀ အစား ၇၀,၀၀၀ ပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုနယ်မြေဖြစ်တဲ့ အင်းတိုင်တပ်နယ်မှာ ဖွင့်လှစ်ထားတဲ့ JUN Corporation အထည်ချုပ် စက်ရုံမှာ အလုပ်သမားဦးရေ ၈၀၀ နီးပါး ရှိတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013