DVB Logo
Home
မြန်မာသတင်း
လုပ်ခတိုးပေးရန် တောင်းဆိုသည့် SANYAN OUTDOOR စက်ရုံလုပ်သားအချို့ အလုပ်ထုတ်ခံရ
DVB
·
February 26, 2026
လုပ်ခတိုးပေးရန် တောင်းဆိုသည့် SANYAN OUTDOOR စက်ရုံလုပ်သားအချို့ အလုပ်ထုတ်ခံရ
Donate to DVB

လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတဲ့ SANYAN OUTDOOR အထည်ချုပ်စက်ရုံမှာ အလုပ်သမားတချို့ အလုပ်ထုတ်ခံရပြီး THA SHU စက်ရုံကတော့ လူမိုက်တွေခေါ်ပြီး ဖိအားပေး၊ ခြိမ်းခြောက်နေတယ်လို့ အလုပ်သမားအဖွဲ့တွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ SANYAN OUTDOOR အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုတာ ၃ ရက်မြောက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ အလုပ်သမားတချို့ အလုပ်ထုတ်ခံရတာလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ပြောပါတယ်။

ဒါ့အပြင် တောင်းဆိုတာတွေ ဆက်လုပ်နေရင် စက်ရုံပိတ်သိမ်းမယ်ဆိုပြီး အလုပ်ရှင်ဘက်က ခြိမ်းခြောက်ကာ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဖိအားပေးပေမဲ့ အလုပ်သမားတွေက ဆက်ပြီး တောင်းဆိုနေတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

အလားတူ လုပ်ခတိုးမြှင့်ပေးဖို့တောင်းဆိုနေကြတဲ့ လိူင်သာယာမြို့နယ်က THA SHU အထည်ချုပ်စက်ရုံမှာလည်း အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်က လက်မခံဘဲ လူမိုက်တွေ ခေါ်ထားပြီး ခြိမ်းခြောက်နေတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM)ကနေ သိရပါတယ်။

အဲဒီစက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့အတွက် ဖေဖော်ဝါရီ ၁၉ ရက်ကတည်းက တောင်းဆိုနေတာဖြစ်ပြီး တောင်းဆိုထားတဲ့အချက်တွေကို အလုပ်ရှင်ဘက်က လက်မခံတဲ့အပြင် ဓားကိုင်ထားတဲ့လူမိုက်တွေကို ခေါ်ထားကာ စောင့်ကြည့်ခိုင်းထာားတယ်လို့ ဆိုပါတယ်။

THA SHU အထည်ချုပ်စက်ရုံ အလုပ်သမားတယောက်က "အလုပ်ရှင်ဘက်ကတောင်းဆိုချက်တွေ ဘာတခုမှမပေးဘူး။ စက်ရုံမှာလည်း အလုပ်ရှင်က လူမိုက်တွေခေါ်ထားပြီး အလုပ်သမားတွေ ဆူရင်ရိုက်မယ်လို့ ခြိမ်းခြောက်တယ်" လို့ ပြောပါတယ်။

ကုန်စျေးနှုန်းနဲ့အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာတာကြောင့် အခုနှစ်ဇန်နဝါရီလကစပြီး စက်ရုံတွေမှာ လုပ်ခတိုးမြှင့်ပေးဖို့တောင်းဆိုတာတွေ တကျော့ပြန်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါပေမဲ့ လုပ်ငန်းရှင်အများစုက လုပ်ခတိုးပေးဖို့အတွက် ပြတ်ပြတ်သားသားငြင်းဆန်သလို တောင်းဆိုတဲ့ အလုပ်သမားတွေမှာ ဖိအားပေး၊ ခြိမ်းခြောက်ခံရတာတွေနဲ့ ပြန်ပြီး ရင်ဆိုင်နေကြရတယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်ရှင်တွေဘက်က ဥပဒေမဲ့ ဖြေရှင်းတဲ့လုပ်ရပ်တွေကို စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်တဲ့အလုပ်သမားရုံးတွေက မျက်ကွယ်ပြုနေတာကြောင့် အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးရတာ ပိုများလာရတယ်လို့လည်း  ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013