DVB Logo
Home
မြန်မာသတင်း
ဝါးတရာစက်မှုဇုန်က GTIG GUOHUA GLORY အထည်ချုပ်စက်ရုံလုပ်သား ၁,၀၀၀ ကျော်ဆန္ဒပြ
DVB
·
May 23, 2025
ဝါးတရာစက်မှုဇုန်က GTIG GUOHUA GLORY အထည်ချုပ်စက်ရုံလုပ်သား ၁,၀၀၀ ကျော်ဆန္ဒပြ
Donate to DVB

ရန်ကုန်တိုင်း၊​ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဝန်ဆောင်မှုလမ်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် GTIG GUOHUA GLORY ကုမ္ပဏီ အထည်ချုပ်စက်ရုံမှာ မေ ၂၃ ရက်က လုပ်ခလစာတိုးပေးရေးအတွက် အလုပ်သမား ၁,၀၀၀ ကျော် စက်ရုံတွင်း တောင်းဆို ဆန္ဒပြနေတာပါ။

လုပ်အားခ နေ့စဉ်ကြေး ငွေကျပ် ၁၃,၀၀၀ သတ်မှတ်ပေးရေး တောင်းဆိုနေကြတာဖြစ်ပြီး စက်ရုံလုပ်သားအားလုံး အလုပ်တွေ ရပ်နားပြီး ငြိမ်းချမ်းစွာ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မေ ၁၉ ရက်က ချန်းရီဖိနပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြမှု အောင်မြင်သွားပြီးနောက် သာဓုကန်စက်မှုဇုန်က Myanmar Pon Chen စက်ရုံ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်က True Green ကော်စေ့စက်ရုံတို့ အပါအဝင် ရန်ကုန်မြို့က စက်ရုံတချို့မှာ လုပ်အားခတိုးပေးရေး အလုပ်သမားတွေက တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေ အဆမတန်တက်ခဲ့ပေမဲ့ စစ်ကောင်စီက အလုပ်သမားတွေရဲ့ ဥပဒေပါ အခြေခံလုပ်ခလစာ တရက် ငွေကျပ် ၄,၈၀၀ နှုန်းကို မတိုးပေးလို့  စက်ရုံလုပ်သားတွေဟာ စားဝတ်နေရေး ကျပ်တည်းမှုနဲ့ ကြုံတွေ့နေရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013