
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ဒေသစံတော်ချိန် ဇွန် ၁၈ ရက်က ကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု B ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းက ဘော့စနီးယားအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့လို့ အုပ်စုတက်ဖို့ အလားအလာကောင်းသွားပါတယ်။
ပွဲချိန် ၇၃ မိနစ်အထိ ဂိုးမရှိသရေကျနေပေမဲ့ လူစားဝင်ကစားသမား အသက် ၂၀ အရွယ် ဂျိုဟန် မန်ဇမ်ဘီက ဆွစ်ဇာလန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အဲဒီနောက် ဘော့စနီးယား ကစားသမားတယောက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဆွစ်ဇာလန်အတွက် ဒုတိယဂိုးကို ရူဘင်ဗားဂတ်စ်က သွင်းယူပေးခဲ့ပြီး မန်ဇမ်ဘီက တတိယဂိုးကို ထပ်မံသွင်းယူခဲ့တာပါ။
ဘော့စနီးယားအတွက် ချေပဂိုးတဂိုးကို ကစားသမား အာမင် မာမစ်ချ်က သွင်းယူခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ဂရန်းနစ်ဇာခါက ပယ်နယ်တီကနေ စတုတ္ထဂိုးကို သွင်းယူခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ဆွစ်ဇာလန်အသင်းဟာ နောက်တဆင့်တက်ဖို့ အခွင့်အရေး အများကြီး ရရှိသွားပြီလို့ သိရပါတယ်။










