ဟစ်ဇ်ဘိုလာတွေနဲ့ ပဋိပက္ခပြင်းထန်နေချိန် မေ ၂ ရက်က အစ္စရေး- လက်ဘနွန်နယ်စပ်မှာ ပေါက်ကွဲမှုတွေ ကြားရပြီး မီးခိုးငွေ့တွေနဲ့ တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အစ္စရေးဘက်ခြမ်းကနေ မြင်တွေ့ရပါတယ်။
မအောင်မြင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းမှာ အစ္စရေးစစ်တပ်က လက်ဘနွန် တောင်ပိုင်းမှာ စစ်ဆင်ရေးတွေ ဆက်လုပ်ခဲ့ပါတယ်။
အီရန် ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ ဟဇ်ဘိုလာတွေဟာ လက်ဘနွန်နဲ့ အစ္စရေး မြောက်ပိုင်းတို့မှာရှိတဲ့ အစ္စရေးတပ်တွေကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ ဆက်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဧပြီ ၁၆ ရက်မှာ စတင်ခဲ့ပြီး မေလလယ်အထိ တိုးချဲ့ခဲ့တာပါ။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား ရန်လိုမှုတွေ သိသိသာသာ လျော့ကျခဲ့ပေမဲ့ နှစ်ဖက်စလုံးက အပြန်အလှန်ပစ်ခတ်နေဆဲဖြစ်ပြီး ချိုးဖောက်မှုတွေအတွက် အပြန်အလှန် အပြစ်တင်နေခဲ့ကြ ပါတယ်။
မတ် ၂ ရက်မှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား နောက်ဆုံးတိုက်ပွဲတွေ စပြီးတဲ့နောက်ပိုင်း အစ္စရေးက တိုက်ခိုက်လို့ လက်ဘနွန်မှာ လူ ၂၅၀၀ ကျော် သေဆုံးပြီး လူ ၁ ဒသမ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး သီးခြားဆွေးနွေးပွဲတွေကို လွယ်ကူချောမွေ့စေခဲ့တဲ့ ဧပြီ ၁၆ ရက်မှာ စတဲ့ အပစ်အခတ်ရပ်စဲမှုဟာ ဘေရွတ်မြို့တော်နဲ့ တောင်ပိုင်းဆင်ခြေဖုံးတွေက တိုက်ပွဲတွေကို ရပ်တန့်စေခဲ့ပေမဲ့ လက်ဘနွန်ရဲ့ တခြားနေရာတွေမှာတော့ တိုက်ခိုက်မှုတွေ မရပ်သေးပါဘူး။
Source: Reuters










