အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းကို (၃-၂) ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ဒီနိုင်ပွဲဟာ ဗီလာအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးရရှိခဲ့တဲ့ နိုင်ပွဲလည်း ဖြစ်ပါတယ်။
ရှုံးနိမ့်ခဲ့တဲ့ စပါးအသင်းကတော့ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ နိုင်ပွဲမရသေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပွဲချိန်နောက်ပိုင်းမှာ စပါးဘက်က ဂိုးတွေ ပြန်ရဖို့ အပြင်းအထန် ဖိအားပေး ကစားခဲ့တာပါ။
ဒါပေမဲ့ ဗီလာအသင်းက အနိုင်ရလဒ်ကို အဆုံးထိ ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။ စပါးအသင်းကတော့ နောက်ထပ် ရှုံးပွဲတပွဲ ထပ်တိုးခဲ့ရပြီး နိုင်ပွဲပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။











