
မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပြည်သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကို ရုပ်ရှင်အနုပညာအဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ DVB Peacock Film Festival 2025 ရဲ့ မှတ်တမ်းရုပ်ရှင်ပြပွဲကို မတ် ၂၅ ရက်ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) မှာ ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ DVB ရဲ့ Peacock Film Festival 2025 မှာ ပြသခဲ့တဲ့ ရုပ်ရှင်မှတ်တမ်း ၂၀ ကျော်ထဲကနေ ဆုရရှိတဲ့ မှတ်တမ်းရုပ်ရှင်ကားတွေထဲ Fragment of Witness၊ The Middle Land of Displaced၊ Star နဲ့ The Unbroken Spirits of 1027 စတဲ့ ဇာတ်ကား ၄ ကားကို ပြသခဲ့တာပါ။
ဒါ့ပြင် DVB ရဲ့အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်နဲ့ DVB အကြံပေး ဒေါ်မွန်မွန်မြတ်တို့ကလည်း DVB ရဲ့ မှတ်တမ်းရုပ်ရှင်တွေနဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေတွေနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း အမှန်တရားအတွက် စွန့်စားရိုက်ကူးထားတဲ့ DVB Peacock Film Festival ရုပ်ရှင်ကို နော်ဝေနိုင်ငံအပြင် ထိုင်းနိုင်ငံ၊ ဩစတြေးလျ၊ ဆွီဒင်၊ အမေရိကန်၊ ချက်၊ ယူကေ အပါအဝင် နိုင်ငံတကာမှာလည်း ပြသခဲ့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
လာမဲ့ မေ ၁ ရက်မှာတော့ အင်္ဂလန်နိုင်ငံ၊ နယူးကာဆယ်မှာ DVB peacock film festival 2025 ပြသသွားဖို့ ရှိပါတယ်။










