စပိုင်ချစ်သူ ဂျန်ဆန်ဟွမ် ရုပ်တူပြိုင်ပွဲကျင်းပ

Nvidia တည်ထောင်သူ ဂျန်ဆန်ဟွမ်နဲ့ ရုပ်တူပြိုင်ပွဲကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ နိုဝင်ဘာ ၂၂ ရက်က ကျင်းပခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ ဆီယက်တဲလ်မြို့ကနေ ကိုယ်တိုင်ကားမောင်းပြီး လာပြိုင်တဲ့ ဝေါလ်တာလင်မ်က ပရိသတ်မဲနဲ့ အနိုင်ရခဲ့ပါတယ်။
“လူစိမ်းတွေက ကျနော့်ကို ရပ်ခိုင်းပြီး ဂျန်ဆန်နဲ့ တူတယ်လို့ ပြောတာ ကြုံဖူးပါတယ်” လို့ လင်မ်က ပြောပါတယ်။
“ကျနော့်မျက်မှန်၊ ဆံပင်နဲ့ နှာခေါင်းကြောင့် ဖြစ်မယ်ထင်ပါတယ်” လို့လည်း ဆိုပါတယ်။
Plug Vancouver အဖွဲ့က စီစဉ်တဲ့ ပြိုင်ပွဲရဲ့ ပထမနှစ်ဆင့်မှာ ရုပ်တူယှဉ်ပြိုင်တာနဲ့ Nvidia ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်ကို မိတ်ဆက်ရတာတွေ ပါဝင်ပါတယ်။
နောက်ဆုံးအဆင့်မှာတော့ ဇနီးဖြစ်သူ ပြန်လက်ခံဖို့ ဒါမှမဟုတ် အလုပ်ပြန်ရဖို့ တောင်းပန်တဲ့ပုံစံ သရုပ်ဆောင်ခဲ့ကြရပါတယ်။
ဟွမ်ဟာ အဲလစ်ဟွမ်နဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု ပေါ်ပေါက်ပြီးနောက် နိုဝင်ဘာ ၁၂ ရက်မှာ အန်ဗီဒီယာအမှုဆောင်အရာရှိချုပ်ရာထူးက နုတ်ထွက်ခဲ့ပြီး အခု အလုပ်ပြန်ခန့်တယ်လို့ သတင်းထွက်နေပါတယ်။
အဲလစ်ဟွမ်ဟာ တရုတ်အတွက် စပိုင်လုပ်နေတယ်လို့ အမေရိကန်အာဏာပိုင်တွေက သံသယရှိပေမဲ့ တရုတ်က ငြင်းဆိုထားပါတယ်။ အဲလစ်ဟွမ် ရုပ်တူပြိုင်ပွဲကိုလည်း သီးခြားကျင်းပခဲ့ပါသေးတယ်။
Source: Reuters











