Nvidia ကုမ္ပဏီက ဂျန်ဆန်ဟွမ်ကို CEO အဖြစ် ပြန်ခန့်အပ်

Nvidia ကုမ္ပဏီက ဂျန်ဆန်ဟွမ်ကို အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ချက်ချင်းအကျုံးဝင်မဲ့ ပုံစံနဲ့ ပြန်ခန့် အပ်လိုက်တယ်လို့ နိုဝင်ဘာလ ၂၃ ရက်မှာ ကြေညာပါတယ်။
ဒီလုပ်ရပ်ဟာ အလွန်ထူးခြားတဲ့ အပြောင်းအလဲ တခုဖြစ်ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဂျန်ဆန်ဟွမ်ကို CEOအဖြစ် ပြန်ခန့်အပ်ဖို့ တိုက်တွန်းပြောဆို ပြီးတဲ့နောက် ခုလို ပြန်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်သူလျှိုလို့ သံသယရှိတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့လို့ ရာထူးကနေ နုတ်ထွက် ခဲ့တဲ့ Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ်ကို မူလရာထူးမှာ ပြန်ခန့်ဖို့ အီလွန်မက်စ်အပါအဝင် လူ ၁ သိန်းခွဲကျော်က အိတ်ဖွင့်ပေးစာပို့ တောင်းဆိုခဲ့တာပါ။
ကမ္ဘာ့ထိပ်တန်း AI ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ Nvidia ကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဟွမ်ဟာ ကုမ္ပဏီ ကို ၃၃ နှစ်ကြာ ဦးဆောင်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၁၂ ရက်မှာ ရာထူးက နုတ်ထွက်ကြောင်း ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
ဟွမ်ဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးတယောက်အပြင် သူ့ ကုမ္ပဏီဝန်ထမ်းတယောက်နဲ့ပါ ဖောက်ပြန်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
ဟွမ်ရဲ့ အိမ်ထောင်ရေးကိစ္စထက် Nvidia ရဲ့ အဆင့်မြင့် AI ချစ်ပ်တွေ တရုတ်နိုင်ငံဆီ တရားမဝင် ရောက်ရှိခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းဖို့က ပိုအရေးကြီးတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ပြောပါတယ်။
အမေရိကန်အစိုးရဟာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ Nvidia ရဲ့ H200 ချစ်ပ်တွေကို တရုတ်နိုင်ငံဆီ ရောင်းချခွင့်ပြုခဲ့ပေမဲ့ ဒီထက်အဆင့်မြင့်တဲ့ AI ချစ်ပ်တွေကိုတော့ တင်ပို့ခွင့်ပိတ်ပင် ထားပါတယ်။
Source:Reuters











